ထူးခြားတဲ့အဆင့် ၄ ဆင့်နဲ့ အရသာရှိတဲ့ ICE MANIAS ရေခဲမုန့်ကြော်

food
Axob2pdywvpssrguay43
Momolay
M2mrpnjz1b1d1pr1bi41
Posted on - Nov 24

၂၄၊ နိုဝင်ဘာ၊ ၂၀၁၆

ICE MANIAS ဆိုတာက ယိုးဒယားနိုင်ငံမှ ထူးထူးခြားခြား ရေခဲမုန့်အဆန်းလေးဖြစ်ပြီး အဆင့် ၄ ဆင့် ဖြတ်ကျော်ပြီးမှ ရေခဲမုန့်တစ်ခွက် ရရှိမှာပါ။ Cool Fried Ice Cream လို့ခေါ်ပြီး မြန်မာလိုတော့ ရေခဲမုန့်ကြော်လို့ပဲ အလွယ်ခေါ်နိုင်ပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း စတဲ့အာရှနိုင်ငံအချို့မှာ ဆိုင်ခွဲလေးတွေ ဖွင့်လှစ်ထားရှိပြီးနောက် ယခုအခါ ရန်ကုန်ကိုလည်း သူရောက်လာခဲ့ပါပြီ။ သူ့ရဲ့ထူးထူးခြားခြား ရေခဲမုန့်ပြုလုပ်ပုံ အဆင့်လေးတွေကတော့ ...

အဆင့် (၁) - ရေခဲမုန့်အရသာ ရွေးချယ်ခြင်း

Thfq1fmzw3jllr6aevvr

Ice Tea, Vanilla, Yogurt, Chocolate အစရှိတဲ့ အရသာ ၄ မျိုးထဲက မိမိအနှစ်သက်ဆုံး အရသာလေးတစ်ခုကို ဦးစွာရွေးချယ်ပေးလိုက်ပါ။

အဆင့် (၂-က) - ဘယ်အသီးလေးနဲ့ စားမလဲ?

Dzj7jkwnqegunmuj1ioe

ချိုအေးမွှေး ICE CREAM လေးနဲ့ တွဲဖက်စားဖို့အတွက် ပုံမှာဖော်ပြထားတဲ့ အသီး ၁၀ မျိုးထဲက မိမိနှစ်သက်ရာ အသီးလေးတစ်မျိုးကို ထပ်မံရွေးချယ်ပေးလိုက်ပါဦး။

အဆင့် (၂-ခ) - Topping လေးဘာဖြူးမလဲ?

Wfqcrpp1xn619fsmccjm

နောက်ပြီးရင်တော့ အပေါ်မှာဖြူးမယ့် Topping ၈ မျိုးထဲက အလိုက်ဖက်ဆုံး၊ အကြိုက်ဆုံးဖြစ်မယ့် တစ်ခုကိုလည်း ထပ်မံရွေးချယ်ပေးလိုက်ပါဦး။

အဆင့် (၃) - ရေခဲမုန့်ကြော်ပြီ

Qe8x0b7tieencx1oyrl3

ကြော်တယ်ဆိုတာက ဆီပူနဲ့ ထည့်ကြော်တာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒယ်ပြားလေးထဲမှာ အနိမ့်ဆုံး အပူချိန်နည်းနည်းလေးပေးပြီး ပါဝင်ပစ္စည်းတွေကို ရောမွှေပေးကာ ICE CREAM အလိပ်လေးဖြစ်အောင် ဖန်တီးလိုက်တာပါ။

အဆင့် (၄) - Sauce လေးဖြန်းမယ်

Joingaimetz9qhghduw4

နောက်ဆုံးအဆင့်အနေနဲ့ အပေါ်က ဘာလေးဖြန်းမလဲဆိုတာလည်း ရွေးပေးဦးနော်။ ဒါမှ အရသာပိုရှိသွားမှာလေ။

ရှလွတ်

Ebskcvsulpllj64r7uys

နောက်ဆုံးမှာတော့ အရသာထူးကဲလှပြီး သွားရည်ကျစရာ အသွင်အပြင်နဲ့ ICE MANIA ရေခဲမုန့်ကြော်လေးတစ်ခွက် ရရှိပါပြီ။ ဒီလိုထူးထူးခြားခြား ရေခဲမုန့်လေးများဟာ ရန်ကုန်ရွှေမြို့တော်ကြီးဆီသလို့လည်း ရောက်ရှိလာပြီဖြစ်ကာ စားချင်လှပြီ ဆိုရင်တော့ စမ်းချောင်း၊ ပဒုမ္မာလမ်းမှာ တစ်ဆိုင်၊ စံရိပ်ငြိမ် ဂမုန်းပွင့်မှာတစ်ဆိုင်၊ ပြည်လမ်း အင်းယားကန်ဘောင်မှာတစ်ဆိုင် ဖွင့်လှစ်ထားရှိပြီလို့ သတင်းကောင်းပါးလိုက်ပါရစေ။ ဒါ့အပြင် အချို့နေရာများမှာလည်း ရေခဲမုန့်ကားလေးတွေနဲ့ လိုက်လံရောင်းချပေးနေတယ်လို့ သိရတာမို့ သွားရင်းလာရင်း တွေ့မိတယ်ဆိုရင် စားကြည့်လိုက်ဦးနော်။

ဒီရေခဲမုန့်လေး စားဖူးပြီလား?

  • စားဖူးသားပဲ 4
  • မစားဖူးသေးဘူး 17

အောင်ခန့်

 အခြားစိတ်ဝင်စားဖွယ်များ