ဦးနှောက်ဥာဏ်ရည် မြင့်မားအောင် စွမ်းဆောင်ပေးနိုင်တဲ့ အစားအစာ(၃) မျိုး

Posted on - Nov 25

Engal Lay

စာရေးသူ
C9qgrea3tqaaeyykcbrq

၂၅၊ နိုဝင်ဘာ၊ ၂၀၁၆

ဦးနှောက်ဥာဏ်ရည် ထက်မြက်ဖို့ အတွက် အလေ့အကျင့်ကောင်းတွေ လုပ်ပေးဖို့ လိုအပ်သလို အစားအသောက် ကိုလည်း ဂရုစိုက် စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဦးနှောက်ဥာဏ်ရည် တိုးတက်အောင် စွမ်းဆောင်ပေးနိုင်တဲ့ အစားအစားတွေကို စားသုံးပေးမယ်ဆိုရင် အသက်ကြီးလာတဲ့ အခါမှာတောင် သူများတွေနဲ့ မတူဘဲ မှတ်ဥာဏ်ပိုကောင်းနိုင်ပြီး အာရုံစုစည်းမှု နဲ့ ဥာဏ်ရည်ဥာဏ်သွေးတို့ကိုပါ ထက်မြက်စေတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

ဆလမွန်ငါး

Bwrjlb4mie69spjxorwa

ဆလမွန်ငါးမှာ DHAလို့ ခေါ်တဲ့ Omega 3 fatty acidတွေ အများကြီး ပါဝင်ပါတယ်။ DHAဟာ ဦးနှောက်မှတ်ဥာဏ်တွေကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ အခန်းကဏ္ဍတွေကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ DHA ဟာ သင်ယူချိန်မှာ မှတ်မိလွယ်အောင် အထောက်အကူပြုတာကြောင့် စာကျက်နေရတဲ့ ကလေးတွေအတွက် ဆလမွန်ငါးကို စားသုံးသင့်ကြောင်း Swiss သုတေသီတွေက ဆိုထားပါတယ်။

ဖရုံစေ့

Rmzqf8ohojj94for5bs7

ဖရုံစေ့မှာ ဇင့် ပါဝင်ခြင်းဟာ အတွေးအခေါ်တွေ ကောင်းမွန်စေတဲ့ ဦးနှောက်ရဲ့ ချိတ်ဆက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ နောက်တခုကတော့ ဖရုံစေ့မှာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ ဆက်သွယ်မှုတွေကို ပြုလုပ်ပေးတဲ့ နာ့ဗ်ကြောတွေကို ကောင်းမွန်စေတဲ့ မဂ္ဂနီဆီယမ်တွေ ပါဝင်တာကြောင့် ဦးနှောက်သတိမေ့မှုကို လျော့နည်းစေပါတယ်။

အညိုရောင်ချောကလက်

Ytlkhbvkqslz19lm3fsw

အညိုရောင် ချောကလက်ကတော့ ဦးနှောက်အတွက် အကောင်းမွန်ဆုံး အစားအစာပဲ ဖြစ်ပါတယ်။ ချောကလက်မှာ ဦးနှောက်အတွက် အကျိုးသက်ရောက်မှုတွေများပြီး မှတ်ဥာဏ်ကောင်းစေဖို့အတွက် လိုအပ်တဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်ပါတယ်။

Ref: Dailymail

ဖြိုးပြည့်သူ(မိုမိုလေး)