ကမ္ဘာတစ်လွှားက ပေါက်ပေါက်ရှာရှာ အစားအစာများ

Posted on - Nov 29

Aung Khant

စာရေးသူ
Vijai2huj6lbanro201b

၂၉၊ နိုဝင်ဘာ၊ ၂၀၁၆

အစားအသောက်တွေကို စိတ်ဝင်စားတဲ့ မိုမိုလေးပရိသတ်တွေနဲ့ အထူးအဆန်းတွေကို သဘောကျနှစ်သက်သူများအတွက် ကမ္ဘာတစ်လွှားက ထူးခြားဆန်းပြားတဲ့ အစားအသောက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ အချို့သူတွေဟာ သူတို့ရဲ့ဗီဇ၀ါသနာကိုက ဒီလိုပေါက်ပေါက်ရှာရှာ အစားအစာတွေကို ဖော်ထုတ်ရှာဖွေ မြည်းစမ်းကြည့်ရတာ သဘောကျကြပြီး ဒီစာရင်းထဲက အစားအစာတွေဟာလည်း အမြဲတမ်းစားဖို့ မကြိုက်ရင်တောင် မြည်းစမ်းကြည့်ချင်စရာကောင်းမယ် ထင်ပါတယ်။

Balut (ဘဲသန္ဓေဥ)

Suahfkg6yzd8hwgp9aad

ဘဲဥနဲ့ကွဲပြားပါတယ်။ ဘဲဥက အကောင်မဖြစ်သေးခင် အခြေအနေဖြစ်ပြီး ဒီဘဲသန္ဓေဥကတော့ အကောင်ပေါက်ခါနီးအချိန် ဖြစ်ပါတယ်။ အကောင်ပေါက်ခါနီးအချိန်မှာ အသက်ဝင်နေတဲ့ ဘဲသန္ဓေကို အရှင်ပြုတ်စားရတာပါ။ ဒီဘဲသန္ဓေဥကိုတော့ Balut လို့ခေါ်ပြီး အရှေ့တောင်အာရှ နိုင်ငံများဖြစ်ကြတယ့် ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့မှာ စားသုံးကြတယ်လို့ သိရပါတယ်။

fugu (ငါးပူတင်း)

Nttpmylp3njynola8xyx

သင့်ကိုသေစေနိုင်တဲ့ အရာတစ်ခုကို သင်စားသုံးလိုပါသလား? ဒါဆိုရင်တော့ ငါးပူတင်းက သင့်ဆန္ဒကို ဖြည့်ဆည်းပေးပါလိမ့်မယ်။ သူဟာ ကမ္ဘာ့ဒုတိယအပြင်းဆုံး အဆိပ်ရှိတဲ့ ငါးဖြစ်ပြီး မှန်ကန်စွာ မချက်ပြုတ်တတ်ရင် လူကိုသေစေနိုင်တဲ့အထိ အန္တရာယ်ရှိတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ သူဟာ နာမည်ကျော် အစားအစာတစ်ခုဖြစ်ပြီး သူ့ပရိသတ်နဲ့သူတော့ နှစ်သက်ကြပါသတဲ့။

ငှက်သိုက်စွပ်ပြုတ်

Hwtdug51fjnwztkfj1hx

ငှက်သိုက်ဆိုပေမယ့် တကယ်တမ်းတော့ ငှက်ရဲ့အံဖတ်နဲ့ ဆောက်လုပ်ထားတဲ့ အသိုက်ပါ။ ကမ်းရိုးတန်းဒေသတွေက ဂူတွေထဲကနေ အဆိုပါငှက်သိုက်ကို ရရှိပြီး တစ်နှစ်ကို ၃ ကြိမ်ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။ တရုတ်ရိုးရာ ဆေးဖက်ဝင် ဟင်းတစ်ခွက်ဖြစ်ပြီး ငှက်သိုက်ကြီးပဲဆိုရင် တစ်ကီလိုကို ဒေါ်လာ ၂၀၀၀ ခန့်ထိ တန်ကြေးရှိပါတယ်။

တောပင့်ကူကြော်

Iq3qfcdr3qskbxp8ftlj

အများအားဖြင့် ကမ္ဘောဒီးယားနိုင်ငံမှာ အစားများကြပြီး ပင့်ကူကြော်၊ ပင့်ကူကင်၊ ပင့်ကူမီးဖုတ် စသဖြင့် နှစ်သက်သလို အမျိုးမျိုးလုပ်စားလေ့ ရှိကြပါတယ်။ ကမ္ဘာဒီးယားနိုင်ငံမှာတော့ ဒါဟာလူကြိုက်များ ထင်ရှားတဲ့ ဟင်းလျာတစ်ခွက် ဖြစ်ပါသတဲ့။

ပုရွက်ဆိတ်ကြော်

Oweojhha98e7garrqrgs

ထူးခြားဆန်းပြား အစားအစာစာရင်းထဲမှာတော့ သဘောကျစရာကောင်းတဲ့ အစားအစာလေးတစ်ခု ဖြစ်ပါတယ်။ ပုရွက်ဆိတ်ကြော်ဆိုလို့ အိမ်တွင်းပုရွက်ဆိတ်တွေကို ကြော်စားတာမဟုတ်ပါဘူး။ Hormigas Culonas လို့ခေါ်တဲ့ အရွက်စား ပုရွက်ဆိတ် အကောင်ကြီးတွေကို ကြော်တာဖြစ်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ပဲစေ့တွေနဲ့တူပြီး ကိုလံဘီယာနိုင်ငံမှာ ခေတ်စားတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

သင်ရော ထူးခြားဆန်းပြား အစားအစာတွေကို စားချင်လား?

  • စားဖူးချင်တယ် 6
  • မကြိုက်ဘူး မစားဘူး 30

အောင်ခန့်