ရန်ကုန်မှာ ဟောပေါ့ဆိုရင် ဘယ်ဆိုင်တွေရှိလဲ?

food
Axob2pdywvpssrguay43
Momolay
He6fxn6sj74uuscrhvok
Posted on - Nov 29

၂၉၊ နိုဝင်ဘာ၊ ၂၀၁၆

ဆောင်းဝင်စအချိန်လေးမှာ ရာသီဥတုကလည်း ခပ်အေးအေးနဲ့ဆိုတော့ ယခုအချိန်အတွက် အလိုက်ဖက်ဆုံး အစားအစာဟာ ဟော့ပေါ့ဆိုရင် မမှားပါဘူး။ ဟော့ပေါ့နဲ့ အကင် (BBQ) တွေဟာ ယခုနောက်ပိုင်း လူငယ်၊ လူလတ်ပိုင်းများအကြား ခေတ်စားလာပြီး ဟော့ပေါ့ဆိုင်တွေဟာလည်း ယခင်ကထက် ပိုများလာတာကို တွေ့ရမှာပါ။ ဒါကြောင့်မို့ ဟော့ပေါ့သွားစားတော့မယ်လို့ စဉ်းစားမယ်ဆို ရွေးချယ်နိုင်ဖို့ ရန်ကုန်မြို့တွင်းက ကောင်းနိုးရာရာ ဟော့ပေါ့ဆိုင်လေး အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Grcc7l18mre4f9gszu9p

၁ - Hot Pot City

အ၀စား၊ ဘူဖေးဟော့ပေါ့ဆိုင်လေးတစ်ခုဖြစ်ပြီး တစ်ဦးကို ၁၂၈၀၀ ကျပ် ကျသင့်မှာ ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကို မနက် (၁၁) နာရီမှ ည (၁၀)နာရီအထိ နေ့စဉ် သတ်မှတ်ထားကာ Happy Hour အဖြစ် မနက် (၁၁)နာရီ မှ ညနေ (၄) နာရီအထိ လာရောက်သုံးဆောင်သူများအတွက် ဟော့ပေါ့ဘူးဖေးအ၀စား ကို တစ်ဦးစာ ၁၁၀၀၀ ကျပ် သာကျသင့်မှာ ဖြစ်ပါတယ်။ ညနေ ၃ နာရီအထိကတော့ စားသောက်ချိန်ကို အကန့်အသတ်မရှိပဲ ၃ နာရီနောက်ပိုင်းဆိုရင်တော့ စားသောက်ချိန်ကို ၁ နာရီခွဲအဖြစ် သတ်မှတ်ပေးထားပြီး ၎င်းအချိန်ထက် ကျော်လွန်ခဲ့မယ်ဆိုရင်တော့ အပိုဆောင်းကြေး ကျသင့်မှာဖြစ်ပါတယ်။ ဟော့ပေါ့စီးတီးရှိတဲ့ နေရာလေးကတော့ အမှတ် (၃၃) ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပြီး ဘိုကင်လုပ်ဖို့ ဆက်သွယ်မယ်ဆိုရင် ဖုန်း- ၀၉ ၇၉ ၇၇၉ ၉ ၁၁၁ ၊ ၀၉ ၇၉ ၇၇၉ ၉ ၂၂၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

၂ - ရွှေကောင်းဟော့ပေါ့

နာမည်ကျော် လူကြိုက်များ ဟော့ပေါ့ဆိုင်တစ်ခုအဖြစ် ယခင်ကတည်းကရော ယခုပါ မင်းမူထားဆဲဖြစ်တဲ့ ဟော့ပေါ့ဆိုင်တစ်ခုပါ။ သူကတော့ ဘူဖေးစနစ်မဟုတ်ပဲ ကြိုက်သလောက်စား၊ ကျသလောက်ရှင်းပုံစံပါ။ ဟော့ပေါ့အပြင် ဖျော်ရည်၊ အအေးမျိုးစုံနဲ့ အခြားစားသောက်ဖွယ်ရာများကိုပါ စုံလင်စွာရရှိနိုင်ပြီး ဆိုင်ခွဲတွေကတော့ ကမာရွတ်မြို့နယ် နာနတ်တောလမ်း၊ ရွှေဂုံတိုင်၊ ဂျန်းရှင်းမော်တင်နဲ့ ရန်ကင်းတို့မှာ ဖွင့်လှစ်ထားပါတယ်။

Srmaesbyrwwnbcjwjcrk

၃ - Shabu-Shi

ထိုင်းနိုင်ငံမှ ပြည်ပဆိုင်ခွဲအဖြစ် လာရောက်ဖွင့်လှစ်တဲ့ ဆိုင်လေးတစ်ခုဖြစ်ပြီး ဂျပန်စတိုင် ဟော့ပေါ့အပြင် ဆူရှီကိုပါ ရရှိနိုင်ပါတယ်။ ဘူဖေးစတိုင် ဟော့ပေါ့ဆိုင်လေးဖြစ်ပြီး တစ်ဦးကို ၁၅၀၀၀ ကျသင့်မည်ဖြစ်ကာ စားသောက်ချိန်ကတော့ ၇၅ မိနစ်ဖြစ်ပါတယ်။ နေရာကတော့ Junction Square ရဲ့ အပေါ်ဆုံးက Secret Garden မှာ တည်ရှိကာ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီမှ ည ၁၀ နာရီထိဖြစ်ပြီး ဖုန်းဆက် စုံစမ်းချင်တယ်ဆိုရင်တော့ ၀၁ ၅၂၇၂၄၂ (Junction Square information center) သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

၎ - Jo Jo Hotpot

နောက်ထပ် သင့်တင့်တဲ့ ဟော့ပေါ့ဆိုင်လေးအဖြစ် မိတ်ဆက်ပေးချင်တာကတော့ Jo Jo Hotpot ဆိုတဲ့ ဆိုင်လေးပါ။ ဆိုင်က အရမ်းအကြီးကြီးမဟုတ်ပေမယ့် အရသာကောင်းတယ်လို့ အပြောများကြတဲ့ ဆိုင်လေးတစ်ခု ဖြစ်ပါတယ်။ သူဟာလည်း ဘူဖေးစနစ်နဲ့ စားနိုင်မယ့် ဆိုင်လေးဖြစ်ပြီး ဈေးနှုန်းကတော့ တစ်ဦးကို ၁၂၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၂ နာရီမှ ည ၁၀ နာရီထိဖြစ်ပြီး နေရာကတော့ 23(A) န၀ဒေး လမ်း ၊ ဒဂုံမြို့နယ် (ဒဂုံ ၁ ကျောင်းအနီး) မှာ တည်ရှိပါတယ်။

Zyaweydg7fjyxdauiokv

၅ - Shwe Lar Hotpot

Shwe Lar Hot Pot မှာတော့ တစ်ယောက်ချင်းစီအတွက် သီးသန့်အိုးလေးတွေနဲ့ ပြုတ်စားနိုင်မှာဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး အကြိုက်မတူတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။ Set လိုက်မှာစားလို့ရသလို ကိုယ်ကြိုက်တာတွေကိုပဲရွေးပြီး သီးသန့်လည်းမှာစားနိုင်ပါတယ်။ Set တွေအနေနဲ့ကတော့ အမဲသား၊ ကြက်သား၊ ၀က်သား၊ ငါး၊ Seafood Set တို့ရှိပြီး အသီးအရွက်မျိုးစုံ ပါဝင်ပြီးသားဖြစ်ပါတယ်။ အချဉ်ရေကိုတော့ ကိုယ်တိုင်စပ်၍ စားနိုင်သလို အသင့်လုပ်ပြီးသား Shwe Lar ဆော့စ်ကိုလည်း မှာယူနိုင်ပါတယ်။ ဆိုင်ခွဲတွေကတော့ သမိုင်းစီးတီးမတ်၊ မြေနီကုန်းစီးတီးမတ်၊ နာနာတ်တောလမ်း၊ မြောက်ဒဂုံ ပင်လုံလမ်းနဲ့ စစ်တောင်းလမ်းထောင့်တို့မှာ ရှိပါတယ်။

ဟော့ပေါ့နဲ့ BBQ အကင်ဆို ဘယ်ဟာပိုကြိုက်လဲ?

  • ဟော့ပေါ့ပိုကြိုက်တယ် 9
  • အကင်ပိုကြိုက်တယ် 9

အောင်ခန့်