နိုင်ငံအသီးသီးရဲ့အကောင်းဆုံး မနက်စာ

food
Axob2pdywvpssrguay43
Momolay
Bfopjmzwfrde3n7hzuum
Posted on - Jan 11

၁၁၊ ဇန်န၀ါရီ၊ ၂၀၁၇

အိပ်ရာကထ,ထချင်း ဘာတွေကိုများ မနက်စာ စားတတ်ပါသလဲ ။ မဂ္ဂဇင်းတစ်ခုကနေ ကမ္ဘာ့တိုင်းပြည်တွေရဲ့ မနက်စာ စားတဲ့ အလေ့အထဆောင်းပါးတစ်ခုကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယ က လူတွေအတွက်ကတော့ ဘိန်းမုန့်၊ ပဲနှစ်၊ သရက်သီးကုလားတယ် နဲ့ ငရုတ်သီးအချဉ် ဟာ အကောင်းဆုံး မနက်စာ ပါလို့ သိရပါတယ်။

တူရကီသားတွေရဲ့ မနက်စာကတော့ ရှယ်ပါပဲ။ ပေါင်မုန့်ယိုသုတ်၊ ကြက်ဥ၊ ပေါင်မုန့်ချော၊ ပျားရည်၊ ဘီစကစ် နဲ့ ချိစ် (သံလွင်ဆီကလေးတွေကတော့ လိုသလို ပေါ့။

ကမ္ဘောဒီးယားသားတွေကတော့ အားရှိစေတဲ့ ပဲသီးစေ့၊ အီကြာကွေး၊ ဘဲသွေးလေးတွေရောပြုတ်ထားတဲ့ နွားနို့ ကိုကြက်သွန်မြိတ်ကလေးအုပ်ထားတယ်။

အီဂျစ်မနက်စာ ကတော့ နည်းနည်း လမ်းဘေးဆန်မယ် ထင်တယ်။ ပဲစေ့တွေအများကြီးပါတဲ့ ဟင်းရည်၊ ပြီးတော့ ခရမ်းချဉ်သီး နဲ့ အာလူးနီလိုမျိုး ဟင်းသီးဟင်းရွက်တွေ ၊ ဂျုံနဲ့ကြော်ထားတဲ့ အသားတစ်မျိုး။

Ecv6m0z9mdrqj3lbkj9i

ဘိုလီဗီးယားကတော့ ၀က်သား၊ ဒါမှမဟုတ် အမဲသားကို ပုံကျကျလှီးပြီးကြော်ထားတဲ့ အသားချောင်းကြော် (ရုတ်တရက်ကြည့်ရင် ဖီးကြမ်းငှက်ပျောသီးနဲ့တောင် တူသေး) နဲ့ အာလူးနှပ်

ရုရှကတော့ တောဆန်တယ်။ ပြောင်း၊ ဂျုံ၊ ဆန်၊ ပဲ အဲဒီလို အစေ့အဆန်တွေရောယှက်ပြီး အသားတစ်မျိုးနဲ့ ရောထားတဲ့ မနက်စာ

ပြင်သစ်မနက်စာကျတော့ အနုပညာဆန်ပါတယ်။ ကော်ဖီကြမ်းကလေးကို ကိတ်မုန့်ကောင်းကောင်းလေး နဲ့ တွဲဖက်ထားတယ်။ တခါတလေ အသီးအရွက် နဲ့ ရောနှောစားလေ့ရှိတယ်။

ကြက်ဥ ပါမယ်။ ခေါက်မုန့်လို မုန့်တွေပါမယ်။ သောက်စရာအဖျော်တမျိုးပါမယ်။ ပျားရည်ပါမယ်။ တူရကီကော်ဖီပါမယ်။ အဲဒီလိုမျိုး မျိုးစုံပေါင်းစပ်ရောနှောထားရင် မော်ရိုကို နိုင်ငံရဲ့ မနက်စာ လို့ပဲ သိရမှာ ဖြစ်ပါတယ်။

ဂျပန် တို့ရဲ့ မနက်စာ က နေ့လယ်စာလိုပါပဲ။ ရိုးရာဓလေ့ နဲ့ ခေတ်သစ်အစားအစာတွေကို ပေါင်းစပ်ထားပုံရပါတယ်။ ပေါင်မုန့်မီးကင်၊ ကြက်ဥပြုတ်၊ ဆူရှီလို ငါးအသားပြားလိပ် ပါမယ်။ ဆန်၊ အသီးအရွက်၊ ခပ်စပ်စပ် ဟင်းချိုတစ်ခွက် ပါမယ်။

Apb5rdnvmtyibougvcxs

ပိုလန်ကတော့ Jajecznica လို့ခေါ်တဲ့ ရိုးရာအစားအစာ တစ်ခုကို စားလေ့ရှိတယ်။ ထမင်းပေါင်းကို ဆန်မထည့်ပဲ လုပ်တဲ့ ပုံစံနဲ့ သွားဆင်နေတယ်။

ကင်ညာကတော့ ညက်ညောတဲ့ ဂျုံမုန့် ကို အာလူးနဲ့ အသီးအရွက်ရောကြော်ထားတာနဲ့ လွေးလေ့ရှိပါတယ်။

အင်္ဂလန်သားတွေကတော့ ၀က်သား ဒါမှမဟုတ် အသားပြားကြော်၊ ကြက်ဥ၊ နဲ့ အာလူး၊ ခရမ်းချဉ်သီးလေးတွေ အကွင်းလိုက်လှီထားသေးတယ်။

ပဲ၊ ကော်ဖီ ၊ ပေါင်မုန်နဲ့ ချိစ် .. အဲဒါတွေကို ရောယှက်ထားရင် အီရန် ရဲ့ မနက်စာတွေပါပဲ။

ဂရိတွေရဲ့ မနက်စာစားပွဲဝိုင်းမှာတော့ ဒိန်ချဉ်၊ ကြက်ဥ၊ ချိစ် ၊ ပေါင်မုန့် လေးတွေကို ကော်ဖီကျကျလေးတစ်ခွက်နဲ့အတူ တွေ့နိုင်ပါတယ်။

အမေရိကန် ရဲ့ မနက်စာကတော့ အသားချောင်း၊ ကြက်ဥ၊ ပေါင်မုန့်ကြက်ဥကြော်၊ နဲ့ ကော်ဖီပါပဲ .. ။ အဲဒီမှာ နားမလည်နိုင်တာတစ်ခု က ဘေးနားမှာ ရှိတဲ့ သေနတ်ပါပဲ။

ကိုယ်ဒွေကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ထမင်းကြော် ၊ ပဲပြုတ် နဲ့ နံပြား ဒါမှမဟုတ်ရင် မုန့်ဟင်းခါး ..ဒါမှ မဟုတ်ရင် …???

ရွှေအိုး (မိုမိုလေး)