ငှက်ပျောသီး အုန်းနို့ဆမ်း

Posted on - Jan 11 []

Sumyat Win

စာရေးသူ
Vh4khanwarbukuoqjwdw

၁၁၊ ဇန်နဝါရီ၊ ၂၀၁၇

ဟင်းချက်နည်းတွေပဲပြောပြဖြစ်နေတော့ အချိုပွဲဘက်ကိုမလှည့်ဖြစ်ဘူးဖြစ်နေတယ်။ ဒါကြောင့်မို့ ဒီနေ့မိုမိုလေးပရိသတ်တွေအတွက် အချိုပွဲလေးလုပ်နည်းလေးတစ်ခုပြောပြမယ်။ ငှက်ပျောသီးအုန်းနို့ဆမ်းဆိုတဲ့အတိုင်းလိုအပ်တွေကတော့ ငှက်ပျောသီးရယ် အုန်းနို့အနှစ်ရယ် ဆားရယ်နဲ့ သကြားရယ်ပဲလိုတာပါ။

ပထမဆုံးငှက်ပျောသီးကို အခွံနွှာပြီးထက်ခြမ်းခြမ်းထားပါ။ ဒယ်အိုးတစ်လုံးထဲမှာရေထည့်ပြီး ဆူတဲ့အထိတည်ပါ။ ရေနွေးဆူပြီဆို သကြားထည့်ပြီးထပ်တည်ထားပေးပါ။ သကြားပျော်သွားရင်ခုနကထပ်ခြမ်းခြမ်းထားတဲ့ ငှက်ပျောသီးလေးတွေထည့်ပေးပါ။ ငါးမိနစ်လောက်ထပ်တည်ပြီးသွားရင် ငှက်ပျောသီးလေးတွေကိုဆယ်ပြီး ပန်းကန်တစ်ချပ်ထဲထည့်ထားပါ။ နောက်ဒယ်အိုးကိုဆေးပြီး အုန်းနို့နှစ်နဲ့ဆားအနည်းငယ်ထည့်ပြီးအပူပြန်ပေးပါ။ အုန်းနို့ပစ်လာပြီဆို မီးပိတ်ပြီး ခုနကငှက်ပျောသီးပေါ်ကို ဆမ်းပေးလိုက်ပါ။ အရသာရှိတဲ့ ငှက်ပျောသီးအုန်းနို့ဆမ်းကို နေ့လည်နေ့ခင်းမှာ အဆာပြေအနေနဲ့ရော၊ ထမင်းစားပြီးတဲ့အခါအချိုပွဲအနေနဲ့ရောသုံးဆောင်နိုင်ပါပြီ။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Bs5rvpvqxrotdsp4lhjq

၃မိနစ်၊ ၄၁ စက္ကန့်အတွင်း ၃ဂိုးသွင်းခဲ့တဲ့ မန်ယူတိုက်စစ်ကြောင့် နှစ်(၁၀၀)ကြာ စံချိန်ပြန်ရ

Aug 19 2017 (4574 views)

Eku84ofpq8iuplakztfc

တူ၊ တူမတွေကို သည်းသည်းလှုပ် ချစ်တတ်တဲ့ သရုပ်ဆောင် ၅ ယောက်

Aug 20 2017 (2165 views)

Cyeddtbuok5sau30hz3h

ဘာစီလိုနာရဲ့အနာဂတ် (သို့) ဇာပီဆီမွန်

Aug 20 2017 (2599 views)

Joxpqpesjngq9amygcu1

အသဲကောင်းလို့ ပွဲတောင်းပြီး ယှဉ်ပြိုင်ကြမယ့် အမျိုးသမီးလက်ဝှေ့မယ်တို့ပါဝင်တဲ့ ချန်ပီယံလုပွဲ

Aug 20 2017 (1351 views)

Hqzhflgv1magydnhwxsp

ကလေးတွေအနား မကပ်ရလို့ စိတ်မကောင်းဖြစ်နေတဲ့ မေမေ ခုတော့ တရားမှတ်နေရတယ်

Aug 19 2017 (1427 views)

Rwsnfelttjofygwqzmfs

Saint-Tropez မှာ BFF vacation လုပ်ခဲ့တဲ့ ကိတ်ဝင်းစလက်နဲ့ လီယိုနာဒို

Aug 20 2017 (1033 views)

Iyo53hkphcbywpxkzlto

မျိုးဆက်ရှားပါးမှုကို မီးမောင်းထိုးပြလိုက်တဲ့ မြန်မာအမျိုးသမီးရှုံးနိမ့်ပွဲ

Aug 20 2017 (1023 views)

Ekrnclvrqxkfat0jvcpc

ခါးလှလှလေး ပေါ်လွင်စေတဲ့ ဘေဘီ Taeyeon လေးရဲ့ ဖက်ရှင်

Aug 20 2017 (877 views)