အိုးထရက်ဖို့ဒ်မှာ ဗစ်တာလင်ဒီလော့ဖ်နဲ့အတူကစားချင်တယ်ဆိုတဲ့ အဲရစ်ဘိုင်လီ

Posted on - Jan 10 []

Wai Yan Ko Ko

စာရေးသူ
L43bgttcpccdcywwyw8g

၁၀၊ ဇန်နဝါရီ၊ ၂၀၁၇


မန်ယူနောက်ခံကစားသမားဖြစ်တဲ့ အဲရစ်ဘိုင်လီဟာ ဘင်ဖီကာနောက်ခံလူ ဗစ်တာလင်ဒီလော့ဖ်နဲ့အတူ မန်ချက်စတာယူနိုက်တက်မှာ ကစားချင်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဘင်ဖီကာနဲ့ဆွိဒင်နောက်ခံလူ ဗစ်တာလင်ဒီလော့ဖ်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူအသင်းကခေါ်ယူမယ်လို့ သတင်းတွေထွက်ထားတာကိုလည်း တွေ့ရပါတယ်။ အဲရစ်ဘိုင်လီက ' ဗစ်တာလင်ဒီလော့ဖ်ဟာ မန်ယူအသင်းမှာ အကောင်းဆုံးကစားနိုင်မယ်လို့ထင်ပါတယ် ' လို့ ပြောဆိုခဲ့ပါတယ်။ ဘိုင်လီဟာ နိုင်ငံတကာပွဲမှာ ဆွီဒင်ကို အနိုင်ရရှိပြီးနောက်ပိုင်းကတည်းက အာဖရိကဖလားအတွက် ပြင်ဆင်နေတဲ့ အိုင်ဗရီကို့စ်အသင်းနဲ့ ဝေးကွာနေခဲ့တာဖြစ်ပြီး ဗစ်တာလင်ဒီလော့ဖ်နဲ့ တွဲကစားချင်နေသူပါ။ ဒါ့ပြင် ဗစ်တာလင်ဒီလော့ဖ် အနေနဲ့ သူတို့ကို ကူညီနိုင်လိမ့်မယ်လို့ ဘိုင်လီက ယုံကြည်ချက်အပြည့်နဲ့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

N727uzgoyegi8czsi6bl

' လင်ဒီလော့ဖ်ဟာအလွန်တော်တဲ့ကစားသမားတစ်ယောက်ပါ ' အဲရစ်ဘိုင်လေဟာကျွန်တော်တို့အသင်းမှာအကောင်းဆုံးခံစစ်မှူးတွေဖြစ်ကြတဲ့ စမောလင်း၊ မားစ်ကိုစ်ရိုဂျို၊ ဖီးလ်ဂျုံးတို့ရှိနေပေမဲ့ ကျွန်တော်ကတော့ လင်ဒီလော့ဖ်နဲ့ ကစားချင်ပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။

အဲရစ်ဘိုင်လီရဲ့ ခံစားချက်ကိုဘယ်လိုမြင်ပါသလဲ?

  • မှန်ကန်တယ်လို့ထင်ပါတယ် 4
  • အသင်းအောင်မြင်မှုရရှိဖို့ 1
  • မဖြစ်သင့်ပါဘူး 1

Source ~ Daily Mail
@waiyan

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။