ဂွါဒီယိုလာရဲ့ ပြောင်းလဲမှုတွေအောက်မှာ အသင်းမှထွက်ခွာရနိုင်တဲ့ နာမည်ကျော်ကစားသမားများ

soccer
Mrcembodq5npr4qtegns
Momo Soccer
Bsggjlha5rufxdo2vpnm
Posted on - Jan 10

၁၀ ၊ ဇန်န၀ါရီ၊ ၂၀၁၇
.
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ လာမည့်ဘောလုံးရာသီမှာ အသင်းကိုအလုံးစုံပြောင်းလဲမှု ပြုလုပ်သွားဖွယ်ရှိနေပြီး အသင်းမှမလိုအပ်သော ကစားသမားများကို ထွက်ခွာခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ထို့ကြောင့်သူ့ရဲ့ ပြောင်းလဲမှုတွေအောက်မှာ အသင်းမှထွက်ခွာရနိုင်တဲ့ နာမည်ကျော်ကစားသမားများကို ဖော်ပြပေးလိုက်ပါတယ်။ အများစုကတော့ အသက်ကြီးကစားးသမားတွေ ဖြစ်နေပါတယ်။

Oylywsoefexjz4twihdk

၁။ ယာယာတိုရေး
.
ဘာစီလိုနာမှာတည်းက ဆက်ဆံရေးတွေတင်းမာခဲ့တဲ့ သူတို့၂ဦးဟာ မန်စီးတီးမှာလဲ အဆင်ပြေနေတာမဟုတ်ပါဘူး။ ရာသီအစပိုင်းတွေမှာ ယာယာတိုရေးကို တောက်လျှောက်ခေါက်ထားခဲ့ပြီး နောက်ပိုင်းပွဲစဉ်အချို့မှာသာ ပြန်လည်အသုံးပြုနေတာဖြစ်ပါတယ်။ အသက်အရွယ်ရလာပြီဖြစ်သလို သူ့ကိုပေးနေရတဲ့ လစာကြောင့်လဲ ဂွါဒီယိုလာက ထွက်ခွာခွင့်ပေးဖွယ်ရှိနေပါတယ်။

Fvorvewvj2kzeqac6asc

၂။ ဇာဘလတ်တာ
.
အသက်အရွယ်အရ ကစားအားကျလာပြီဖြစ်တာကြောင့် ဂွါဒီယိုလာအနေနဲ့ ဇာဘလတ်တာအပေါ် အားရမှုမရှိတော့ပဲ သူ့နေရာမှာအစားထိုးဖို့ ကစားသမားခေါ်ယူဖွယ်ရှိနေပါတယ်။ ဒါ့ကြောင့်သူ့ကိုလဲ ဂွါဒီယိုလာက ထွက်ခွာခွင့်ပေးဖို့များနေပါတယ်။

Rhfhacxtc1apqy3olzzx

၃။ ကိုလာရော့ဗ်၊ကလစ်ချီ
.
ဂွါဒီယိုလာဟာမန်စီးတီး တောင်ပံခံစစ်ကစားသမားတွေရဲ့ ကစားပုံကိုအားမရဘူးလို့ပဲ ဆိုရမလိုပါ။ သူရဲ့နည်းဗျူဟာအရ တောင်ပံခံစစ်သမားတွေဟာ တိုက်စစ်လမ်းကြောင်းကို လိုက်ပါနိုင်သလို ခံစစ်ကိုလဲမလစ်ဟင်းအောင် ထိန်းချုပ်ကစားနိုင်တဲ့ ကစားသမားမျိုးကို အလိုရှိသူပါ။ ဒါကိုသူကိုင်တွယ်ခဲ့စဉ်က ဘာစီလိုနာ၊ဘိုင်ယန်မြူးနစ်တို့ကို ကြည့်ရင်သိနိုင်ပါတယ်။ ဒါ့ကြောင့်ကိုလာရော့ဗ်နဲ့ ကလစ်ချီတို့ကိုလဲ အသင်းမှာမလိုအပ်တော့တဲ့အတွက် ဂွါဒီယိုလာထွက်ခွာခွင့်ပေးမှာဖြစ်ပါတယ်။

Ybqnfyq9sww7wicprnlv

၎။ နာဗက်စ်
.
တောင်ပံတိုက်စစ် ကစားသမားဖြစ်ပေမယ့်လဲ ရိုးစင်းလှတဲ့သူ့ရဲ့ကစားပုံကြောင့် ဂွါဒီယိုလာအကြိုက်မတွေ့ပဲ ထွက်ခွာခွင့်ပေးဖို့ သေချာသလောက်ရှိနေပါတယ်။

Tcbkfw44euhomgvr9exk

၅။ နာဆရီ
.
ရာသီအစက ဆီဗီလာအသင်းထံ အငှားချခဲ့သလို လာမည့်ရာသီ အသင်းရဲ့စီမံကိန်းထဲ မပါဝင်တော့တာကြောင့် နာဆရီဟာလဲ ဂွါဒီယိုလာထွက်ခွာခွင့်ပေးမယ့် ကစားသမားစာရင်းထဲမှာ ပါဝင်နေပါတယ်။

ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ဖလားကို ရယူပေးနိုင်မလား?

  • သူ့အရည်အချင်းနဲ့ ရယူပေးနိုင်ပါတယ် 3
  • ပရီးမီးယားလိဂ်ဟာ ခက်ခဲတဲ့အတွက် သူ့အနေနဲ့မလွယ်ကူလောက်ပါဘူး 8

#ထက်အောင်

 အခြားစိတ်ဝင်စားဖွယ်များ