ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်တော့မယ်ဆို တတ်ထားသင့်တဲ့အရာများ

success
Axob2pdywvpssrguay43
Momolay
Okyfnlrt0npqkpwtjnn1
Posted on - Jan 10

၁၀၊ ဇန်န၀ါရီ၊ ၂၀၁၇

အချိန်တန်အရွယ်ရောက်လို့ အတောင်အလက်စုံတဲ့အခါ မိဘနေအိမ်ကို စွန့်ခွာရင် ဘ၀ကြီးထဲကို ရင်ဆိုင်တိုးရတော့မှာပါ။ အဲ့ဒီလို အခြေအနေ အချိန်အခါမျိုးရောက်လာတဲ့အခါ သင့်အတွက် အဆင်သင့်ဖြစ်စေဖို့ အောက်ပါအချက်တွေကို ပြင်ဆင်ထားသင့်ပါတယ်။

၁ - အခြေခံချက်နည်းပြုတ်နည်း

ဟင်းကောင်းကောင်း အဆန်းအပြားတွေကို ချက်တက်ပြုတ်တတ်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ကိုယ်တိုင်အစာပြေစားစရာတစ်ခုခု ဖန်တီးနိုင်ဖို့တော့ ဟင်းချက်နည်း အနည်းငယ်တော့ သိထားသင့်တယ် ထင်ပါတယ်။ အမြဲတမ်းအပြင်က ၀ယ်စားရတာဟာ တွက်ခြေမကိုက်ဘူး မဟုတ်လား?

၂ - အသုံးစရိတ်ချွေတာနည်း

ကိုယ်တိုင်ရပ်တည်ဖို့ ကြိုးစားရတဲ့အခါ မိဘအိမ်မှာနေသလို လိုသမျှ လက်ဖြန့်တောင်းနေလို့ မရတော့ပါဘူး။ ဒီတော့ ၀င်ငွေနဲ့ ထွက်ငွေမျှတအောင် သေချာစိစစ်သုံးစွဲရဖို့ လိုလာပါလိမ့်မယ်။ ဘယ်အရာကိုတော့ သုံးသင့်တယ်၊ ဘယ်ဟာကိုတော့ မသုံးသင့်ဘူးဆိုတာ ကိုယ်တိုင်ဆင်ခြင်ပါ။

Tiqqm5s9yrdvfg2gvvrb

၃ - ကျန်းမာရေးအခြေခံအသိ

နှာစေး၊ ချောင်းဆိုး၊ ခေါင်းကိုက်၊ ဗိုက်နာလောက်ဆို ဘယ်လိုဆေးတွေ သောက်သင့်တယ်၊ မိမိကနဲ့ မတည့်တဲ့ အစာတွေကဘာတွေ၊ ဘယ်အချိန်မှာ ရေချိုးသင့်လည်း စတာတွေကို သင့်ကိုလိုက်ဆရာလုပ် ပြောဆိုမယ့်သူ မရှိတော့တဲ့အတွက် လိုအပ်သော အခြေခံ ကျန်းမာရေးအသိကို သိထားသင့်တယ်ဆိုရင် မမှားပါဘူး။

၎ - အခြေခံပြုပြင်ထိမ်းသိမ်းရေး

မိမိကိုယ်တိုင် ရပ်တည်တော့မယ်ဆို မီးချောင်းပျက်လို့ ဖြုတ်လဲတာမျိုး၊ သံရိုက်တာမျိုး အစရှိတဲ့ အိမ်တွင်းအခြေခံ ပြုပြင်ထိမ်းသိမ်းရေး လုပ်ငန်းအနည်းငယ်ကိုလည်း သိထားဖို့လိုအပ်ပါသေးတယ်။ ပိစိမွစ ကိစ္စလောက်ကို ခဏခဏ ပြင်ဆရာခေါ်နေရင်လည်း သင့်ဘတ်ဂျက်ကို ထိခိုက်နိုင်လို အလုပ်လည်း ရှုပ်ပါတယ်။

၅ - လူမှုဆက်ဆံရေး

လူတွေနဲ့ ဆက်ဆံနေရသ၍ လူမှုရေးရာဗာဟီရကိစ္စတွေဟာ အမြဲရှိနေမှာပါ။ ဒီတော့ လူမှုဆက်ဆံရေးကောင်းတစ်ရပ်၊ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်တစ်ခု ရှိနေဖို့ကလည်း ရှိသင့်တဲ့အရည်အချင်းပါ။ အခြေအားဖြင့် အိမ်မှာဧည့်သည် ဧည့်ခံတာမျိုး၊ လမ်းမှာတွေ့ရင် ပြုံးပြနှုတ်ဆက်တတ်တာမျိုးပေါ့။

သင်ဟာကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေသူတစ်ဦးလား?

  • ဟုတ်ပါတယ် 26
  • မဟုတ်သေးပါဘူး 18

အောင်ခန့်