အမြဲတမ်းတန်ဖိုးထားသင့်သော အဖိုးတန်အရာများ

Posted on - Jan 10 []

Aung Khant

စာရေးသူ
Gfmr3eaak6euimm7yixl

၁၀၊ ဇန်န၀ါရီ၊ ၂၀၁၇

တန်ဖိုးဆိုတာကို သတ်မှတ်ရာမှာ မတူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှိကြပေမယ့် အောက်ပါအခြင်းအရာတွေကတော့ သင့်ရဲ့နေ့စဉ်လူမှုဘ၀ထဲမှာ တန်ဖိုးသားသင့်သော အဖိုးတန်အရာတွေ ဖြစ်ကြပါတယ်။ ဒီတော့ ဘယ်လိုအရာတွေက သင်တန်ဖိုးထားသင့်သော အဖိုးတန်အရာတွေ ဖြစ်မလဲ?

၁ - အမှားတွေရဲ့တန်ဖိုး

တစ်ခါမှ မမှားဖူးတဲ့သူဟာ တစ်ခါမှ ဘာမှမလုပ်ဖူးခဲ့သူဖြစ်သလို အမှားများများလုပ်မိသူဟာ အလုပ်များများလုပ်သူပါ။ အမှားလုပ်မိမှာကို မကြောက်ပါနဲ့။ မှားမှန်းသိလျှက်နဲ့ ပြင်ဖို့ခဲယဉ်းနေမှာကိုသာ ကြောက်သင့်ပါတယ်။ အမှားတွေမှာလည်း တန်ဖိုးကြီးကြီးရှိတာမို့ အမှားတွေကို တန်ဖိုးထားပါ။

၂ - သူငယ်ချင်းစစ်၊ မိတ်ဆွေစစ်

ယနေ့ခေတ်ရဲ့ ဒစ်ဂျစ်တယ်ကမ္ဘာကြီးထဲမှာ အတုအယောင် မိတ်ဆွေသူငယ်ချင်းတွေဆိုတာ များပြားလွန်းလှပါတယ်။ သူငယ်ချင်းစစ်ဆိုတာ သစ္စာတရား၊ မေတ္တာတရား၊ နွေးထွေးဖေးမမှုတွေရဲ့ ပေါင်းကူးတံတားလေးမို့ လောကကြီးထဲက သင့်ရဲ့မိတ်ဆွေသူငယ်ချင်းအစစ်တွေကို တန်ဖိုးထားပါ။ သူတို့ကိုစိတ်မပျက်ပါစေနဲ့။

Ooefku0znr2p1fhxagkj

၃ - မျှဝေခြင်းတန်ဖိုး

လူမျိုး၊ ဘာသာ၊ အသားအရောင်မခွဲခြားပဲ သတ္တ၀ါတိုင်းအပေါ် တူညီမျှစွာ မေတ္တာထားရင်း မိမိတတ်နိုင်သလောက် လုပ်အားဒါန၊ ပညာဒါန၊ ငွေကြေးဒါန ပေးဝေလှူဒါန်းခြင်းကလည်း ကောင်းမွန်သော အလေ့အထတစ်ခုပါ။ သင့်အတွက် စိတ်အေးချမ်းသာမှုတွေကို ဖန်တီးပေးနိုင်တာမို့ မျှဝေခြင်းအနုပညာကိုလည်း တန်ဖိုးထားပေးပါ။

၎ - ရိုးသားမှုဂုဏ်သိက္ခာ

ယုံကြည်မှုဆိုတာ တစ်ခါပျက်ဆီးသွားပြီးရင် အဖြူမှာ အရောင်စွန်းသွားသလို အင်မတန်ဖျောက်ဖျက်ရခက်တဲ့ အရာတစ်ခုပါ။ ဒါကြောင့် သင်တန်ဖိုးထားသင့်တဲ့ လူ့ကျင့်ဝတ်တွေထဲမှာ ရိုးသားမှုဟာလည်း မရှိမဖြစ်ပါ။ ဒါပေမယ့် ရိုးအဖို့တော့ မလိုပါဘူး။ ရိုးသားမှုနဲ့ သင့်ရဲ့သိက္ခာတရားကို တန်ဖိုးထားဖို့လိုသလို ဆန္ဒကို သိက္ခာနဲ့ထိမ်းတတ်ပါစေ။

၅ - အခိုက်အတန့်လေးတွေ

မိသားစုနဲ့ဖြစ်စေ၊ ချစ်သူနဲ့ဖြစ်စေ၊ အပေါင်းအသင်းများနဲ့ဖြစ်စေ တွေ့ကြုံဆုံတွေ့ရတဲ့ ရယ်စရာ၊ မောစရာ အခိုက်အတန့်လေးတွေ၊ အခက်အခဲ ပြဿနာကြုံတွေ့ရချိန်လေးတွေကို တန်ဖိုးထားပေးပါ။ အချိန်တွေဟာ ဘယ်တော့မှ နောက်ပြန်ရစ်လို့ မရလို့ ၎င်းအခိုက်အတန့်လေးတွေကို သင့်ရဲ့စိတ်နှလုံးအိမ်ထဲမှာ လေးလေးစားစား ထာဝရသိမ်းထားပေးပါ။

သင်ရော အထက်ပါအချက်တွေကို တန်ဖိုးထားလေ့ရှိလား?

  • အမြဲတမ်းတန်ဖိုးထားပါတယ် 14
  • ဇဝေဇ၀ါပါပဲ 6

အောင်ခန့်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။