ကလေးတွေ ဘာကြောင့် ခပ်ဆိုးဆိုး ဂျစ်ကန်ကန်ဖြစ်ကြတာလဲ

family
Lkmer1yqomgdpcf8bcfx
Kyarlay
K0vvhqsfsaphldvxohfx
Posted on - Jan 10

၁၀၊ ဇန်နဝါရီ၊ ၂၀၁၇

စကားတွေ မပီကလာ ပီကလာနဲ့ အားရပါးရပြောတတ်တဲ့၊ တောက်တောက် တောက်တောက်နဲ့ လျှောက်သွားနေပြီဖြစ်တဲ့ ၂ နှစ်က ၃ နှစ်ကြားအရွယ်လေးတွေဟာ ပြုစုစောင့်ရှောက်ဖို့ ခက်ခဲတဲ့အရွယ်တွေဖြစ်သလို ပြုပြင်ပေးလို့ အလွယ်ကူဆုံး အရွယ်လေးတွေလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခပ်ဆိုးဆိုးနဲ့ ဂျစ်ကန်ကန်လုပ်တတ်တဲ့ အရွယ်လေးတွေကလည်း ဒီအရွယ်လေးတွေပါပဲ။ အဲဒီ ခပ်ဆိုးဆိုး၊ ဂျစ်ကန်ကန်လေးတွေကို လိမ်မာယဉ်ကျေးမှုရှိအောင် ပြုပြုပေးလို့လည်း လွယ်ကူပါတယ်။ ကလေးတွေက ဒီအရွယ်မှစပြီး မြင်သမျှကို လိုက်မှတ်တတ်ကြတယ်။ တွေ့သမျှကို လိုက်လုပ်တတ်ကြတယ်။ ကြားသမျှကိုလိုက်ပြောတတ်ကြပါတယ်။

Amc6d5pbkbw5o0zj6hab

ကလေးငယ်တွေရဲ့စိတ်ကို နားလည်နိုင်ဖို့ တကယ်တော့ ခက်ပါတယ်။ ကလေးငယ်တွေဆိုတာ ကိုယ်လိုချင်တာကို ပူဆာလိုက်ရမှ၊ ကိုယ်လုပ်ချင်တာကို လုပ်လိုက်ရမှကျေနပ်ကြတဲ့ အရွယ် လေးတွေပါ။ အချိန်အခါ၊ အခြေအနေကို ဘာမှမသိနားမလည်သေးတဲ့ အရွယ်ဖြစ်တာကြောင့် မိဘဖြစ်တဲ့သူတွေက သူတို့ရဲ့စိတ်ကိုနားလည်လက်ခံပေးနိုင်ဖို့ အရေးကြီးပါတယ်။ သူတို့ရဲ့စိတ် ကိုနားလည်နိုင်ဖို့လည်း ကြိုးစားရပါတယ်။ မိဘတွေဆိုတာ သားသမီးရဲ့စိတ်ကို ခံစားနား လည်တတ်ကြတာမှန်ပေမယ့် ကိုယ်အလုပ်ရှုပ်နေတဲ့အချိန်၊ စိတ်ညစ်၊ စိတ်ရှုပ်စရာရှိနေတဲ့ အချိန်မျိုးမှာ သူတို့ရဲ့စိတ်တွေကို နားလည်ပေးနိုင်ဖို့ မလွယ်တော့ပါဘူး။ သူတို့ကိုလည်း ဂရုမစိုက်နိုင်အားဘဲ အော်ဟစ်ပြောဆိုလိုက်တာမျိုး၊ ခပ်ဝေးဝေးကို တွန်းလွှတ်လိုက်တာမျိုး ရှိတတ်ကြပါတယ်။

L3cxog1r06jfftqyymik

၂ နှစ်နဲ့ ၃ နှစ်အရွယ်ကြားမှာရှိတဲ့ကလေးငယ်တွေဟာ သူတို့အမှန်တကယ်လိုချင်တဲ့ အရာတွေကို သူတို့ကိုယ်တိုင် သိတတ်တဲ့ အရွယ်တွေဖြစ်နေပါပြီ။ သူတို့ဘာကိုလိုအပ်တယ်။ ဘာကိုမလိုအပ်ဘူးဆိုတာ အဲဒီအရွယ်မှာ သူတို့ဆုံးဖြတ်တတ်နေကြပါပြီ။ သူတို့အရွယ်တွေက အရာရာကိုစူးစမ်းတတ်တဲ့အရွယ်တွေဖြစ်နေတဲ့အတွက်ကြောင့် သူတို့က စကားတွေကို စီကာ ပတ်ကုံးပြောတတ်ဖို့ ကြိုးစားတတ်ကြတယ်။

တစ်ခါတလေမှာလည်း လိုချင်တာကို တိတိကျကျ ပြောတတ်ကြတယ်။ အဲဒီလိုလေ့လာစူးစမ်းတတ်တဲ့ ဒီအရွယ်မှာ မိခင်တွေဘက်က သူတို့နားလည်လောက်တဲ့ အတွေးအခေါ်လေးတွေ ပြောပြရင်း သူတို့ရဲ့စိတ်ဓာတ်လေးတွေကို မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ သူတို့နဲ့ အတူ လိုက်လျောညီထွေနေပေးဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ လိမ်မာယဉ်ကျေးတဲ့ ကလေးငယ်လေးတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဖေဖေ၊ မေမေတို့ ဒီအရွယ်လေးတွေကလေ ဂရုစိုက်ပြုစုစောင့်ရှောင်ရင်း သူတို့ရဲ့စိတ်လေးတွေကို နားလည်လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။

ရွှေကျေး(မိုမိုလေး)

🐯 ကျားလေး Online SuperMarket 🐯

Qbrqtjowfenwrahc8win

ဖေဖေ၊ မေမေတို့အတွက် ကလေးပစ္စည်းမျိုးစုံးလွယ်ကူစွာဝယ်ယူနိုင်ရန် ကျားလေး Android app ကို အခုပဲ သွင်းထားလိုက်ပါ။
https://goo.gl/IWOU8t