အိုးပုတ်ရုပ်လေးများနဲ့တူတဲ့ ကလေးတွေရဲ့စိတ်

Posted on - Jan 11 []

Nora Shinthant

စာရေးသူ
Jmvykjc2x7ztipttb3r1

၁၁၊ ဇန်နဝါရီ၊ ၂၀၁၇

ပတ်ဝန်းကျင်အနေအထားကြောင့် တချို့ဆိုးသွမ်းတဲ့ကလေးတွေလည်း ရှိတတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ ပင်ကိုယ်စိတ်ကြောင့်ဆိုးတာ မဟုတ်ပါဘူး။ သူတို့ရှေ့မှာရှိတဲ့ ပတ်ဝန်းကျင်ရဲ့ အကျင့်စရိုက်တွေကိုမြင်ပါများတော့ တုပပြီးပြောတတ်လာကြတာပါ။ ကလေးတွေ လိမ်မာ ယဉ်ကျေးဖို့အတွက် ပတ်ဝန်းကျင်ကလည်း အရေးကြီးပါတယ်။ ဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ကလေးတစ်ယောက်ဟာ သူ့ရဲ့ပင်ကိုယ်ဗီဇ ဘယ်လောက်ပဲယဉ်ကျေးပေမယ့် စရိုက်လက္ခဏာတွေက နည်းနည်းတော့ ကြမ်းတမ်းလာတတ်တယ်။ အပြောအဆိုတွေ ရိုင်းလာ တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ရွယ်တဲ့ ကလေးတွေရဲ့စိတ်ဟာ အဖြူထည်တွေပါ။

Ie9ogz9metac4prsesww

ဒီအရွယ်မှာ သူတို့ရဲ့စိတ်ကို အရောင်အမျိုးမျိုးဆိုးပေးလို့ လွယ်ကူပါတယ်။ သူတို့ကလည်း အတုမြင် အတတ်သင်ဆိုသလို မြင်သမျှ၊ တွေ့သမျှကို တုပပြောဆိုတတ်ကြတယ်။ အတုခိုးလာ တတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေကို ဂရုစိုက်ပြုစုတဲ့နေရာမှာ မိမိရဲ့ ပတ်ဝန်းကျင်က အရေးကြီးဆုံးပါပဲ။ မိမိရဲ့ပတ်ဝန်းကျင်ကြောင့် ကလေးတွေ ရိုင်းစိုင်းနေပြီဆိုရင်လည်း မိဘတွေအနေနဲ့ စိတ်မညစ်ပါနဲ့။ သူတို့ရဲ့စိတ်ကိုပြုပြင်ယူလို့ လွယ်ကူပါတယ်။ ပတ်ဝန်းကျင်ကြောင့် အပြောအဆို၊ အမူအရာတွေ ယဉ်ကျေးမှုသိပ်မရှိတော့တဲ့ ကလေးတစ်ယောက်ကို အဲဒီပတ်ဝန်းကျင်နဲ့ ဝေးဝေးထားပါ။ မိဘတွေအနေနဲ့လည်း ယဉ်ကျေးသိမ့်မွေ့တဲ့စကားတွေ၊ အပြုအမူတွေကို ပြန်လည်သင်ကြားပေးပါ။

Qipfjzilxikgl6qpvbke

တကယ်တော့ သူတို့ရဲ့ပင်ကိုယ်စိတ်ဟာ နူးညံ့တာဖြစ်လို့ သူတို့ရဲ့စိတ်ရိုင်းတွေကို အကြာကြီးစောင့်နေစရာမလိုပါဘူး။ တကယ်တော့ ကလေးတွေဟာ ရွံ့စေးနဲ့ပြုလုပ်ထားတဲ့ အိုးပုတ်ကလေးတွေနဲ့ တူလှပါတယ်။ လှပတဲ့အိုးပုတ်ကလေးရလာနိုင်ဖို့က ဖန်တီးသူမိဘတွေရဲ့လက်ထဲမှာ ရှိနေပါတယ်။ သူတို့ကိုစတင်ပြုစုပျိုးထောင်ကတည်းက မိမိလိုချင်တဲ့ပုံသဏ္ဍာန်ကို ပြုပြင်ယူလို့ ရနိုင်ပါတယ်။

ရွှေကျေး(မိုမိုလေး)

🐯 ကျားလေး Online SuperMarket 🐯

Sjswqdurshybo5w4d5mu

ဖေဖေ၊ မေမေတို့အတွက် ကလေးပစ္စည်းမျိုးစုံးလွယ်ကူစွာဝယ်ယူနိုင်ရန် ကျားလေး Android app ကို အခုပဲ သွင်းထားလိုက်ပါ။
https://goo.gl/IWOU8t

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Yd7ncj1qftmhpnfqfkew

ရှိရင်းစွဲ ခြေစွမ်းထက် ပိုတောက်ပလှတဲ့ ဘရာဇီးသား နေမာ

Aug 21 2017 (0 views)

Bs5rvpvqxrotdsp4lhjq

၃မိနစ်၊ ၄၁ စက္ကန့်အတွင်း ၃ဂိုးသွင်းခဲ့တဲ့ မန်ယူတိုက်စစ်ကြောင့် နှစ်(၁၀၀)ကြာ စံချိန်ပြန်ရ

Aug 19 2017 (4579 views)

Eku84ofpq8iuplakztfc

တူ၊ တူမတွေကို သည်းသည်းလှုပ် ချစ်တတ်တဲ့ သရုပ်ဆောင် ၅ ယောက်

Aug 20 2017 (2187 views)

Cyeddtbuok5sau30hz3h

ဘာစီလိုနာရဲ့အနာဂတ် (သို့) ဇာပီဆီမွန်

Aug 20 2017 (2620 views)

Joxpqpesjngq9amygcu1

အသဲကောင်းလို့ ပွဲတောင်းပြီး ယှဉ်ပြိုင်ကြမယ့် အမျိုးသမီးလက်ဝှေ့မယ်တို့ပါဝင်တဲ့ ချန်ပီယံလုပွဲ

Aug 20 2017 (1355 views)

Hqzhflgv1magydnhwxsp

ကလေးတွေအနား မကပ်ရလို့ စိတ်မကောင်းဖြစ်နေတဲ့ မေမေ ခုတော့ တရားမှတ်နေရတယ်

Aug 19 2017 (1430 views)

Rwsnfelttjofygwqzmfs

Saint-Tropez မှာ BFF vacation လုပ်ခဲ့တဲ့ ကိတ်ဝင်းစလက်နဲ့ လီယိုနာဒို

Aug 20 2017 (1046 views)

Iyo53hkphcbywpxkzlto

မျိုးဆက်ရှားပါးမှုကို မီးမောင်းထိုးပြလိုက်တဲ့ မြန်မာအမျိုးသမီးရှုံးနိမ့်ပွဲ

Aug 20 2017 (1026 views)