မအောင်မြင်ခင်ကတည်းက ငွေကြေးချမ်းသာကြွယ်ဝနေကြတဲ့ နိုင်ငံတကာအနုပညာရှင်များ

Posted on - Jan 10 []

Hein Tan Zin

စာရေးသူ
X6zsqeuzvyyetd7eqpu0

၁၀၊ ဇန်နဝါရီ၊ ၂၀၁၇

အောင်မြင်မှုကို ငွေနဲ့ဝယ်ယူလို့မရပါဘူး။ ဘာကြောင့်ဆိုတော့ အခုဖော်ပြသွားမယ့် အနုပညာရှင်တွေဟာ သူတို့ရဲ့ Background ဘယ်လောက်ပဲကောင်းခဲ့ကောင်းခဲ့ သူတို့ကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့လို့ ထင်ပေါ်ကျော်ကြားလာခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုဖော်ပြသွားမယ့် အနုပညာရှင်လေးယောက်ကို ငွေကြေးကြောင့် အောင်မြင်လာသူတွေလို့ မမြင်မိဖို့ အရင်ဆုံးတောင်းဆိုချင်ပါတယ်။

Tyksw63qmc7ss3p5nhq8


Adam Levine

Maroon 5 ရဲ့ပင်တိုင်အဆိုတော်ဖြစ်တဲ့ Adam Levine ဟာလည်းကြွယ်ဝချမ်းသာသူတစ်ဦးဖြစ်ပြီး သူ့ကိုမမွေးခင်ကတည်းက သူရဲ့မိသားစုဟာ စီးပွာရေးမှာ နာမည်ကျော်တဲ့ M Frederic ကုမ္မဏီကို တည်ထောင်ခဲ့သူတွေဖြစ်ပါတယ်။ ဒီကုမ္မဏီဟာ ယနေ့အထိ အောင်မြင်နေဆဲဖြစ်ပြီး သူရဲ့ဖခင် ၊ အဒေါ်နဲ့ မိထွေးတို့ပူးပေါင်းပြီး အဝတ်အထည်များစွာ ထုတ်လုပ်ရောင်းချလျက်ရှိနေပါတယ်။

Fzso7slckujxwuo7gmwa


Taylor Swift

ကန်ထရီးနဲ့ပေါ့လ်အဆိုတော် Taylor Swift ဟာ Merrill Lynch ရဲ့စီးပွားရေးအကြံပေးဖြစ်သူ Scott Swift ရဲ့သမီးတစ်ယောက်ဖြစ်ပြီး Scott ဟာသမ္မတတွေပိုင်ဆိုင်ခဲ့တဲ့ ရင်းနှီးမြှပ်နှံရေးဘဏ်ပေါင်းများစွာမှာ အလုပ်လုပ်ကိုင်ဖူးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့် Taylor ရဲ့ ကျော်ကြားမှုဟာ သူ့မိသားစုအတွက် တအားပြောပလောက်စရာ သိပ်မရှိသလောက်ပါဘဲ။

A0pvtvlwthozlnoidpji


Lana Del Rey

အမေရိကန်အဆိုတော်နဲ့မော်ဒယ်တစ်ဦးဖြစ်သူ Lana Del Rey ရဲ့မိဘနှစ်ဦးလုံးဟာ အရမ်းကိုချမ်းသာကျပြီး Lana ကလည်း အလိုလိုက်ထားခံရလို့ဆိုးသွမ်းတဲ့သူတစ်ယောက်ဖြစ်ခဲ့ရပြီး ကျောင်းအိပ်ကျောင်းစားကျောင်းတစ်ခုမှာတောင် အပ်ထားခဲ့ရဖူးပါတယ်။ နောက်ပိုင်းမှ သူမရဲ့ဘဝအခြေအနေကို ကူညီပေးနိုင်မယ့်အရာဟာ ဂီတမှန်းသိသွားတဲ့နောက်မှာ အဆိုတော်တစ်ယောက်ဖြစ်အောင် ကြိုးစားလာသူဘဲ ဖြစ်ပါတယ်။

Zefpidcjzazallhwiui0


Ariana Grande

ငယ်ရွှယ်ပြီးထူးချွန်တဲ့အဆိုတော်မလေး Ariana Grande ဟာ ငယ်စဉ်ကတည်းက သူ့မျိုးနွယ်တွေပိုင်ဆိုင်မှုဟာ တစ်သက်စားမကုန်ပါဘဲ။ သူမ့အသက် ဆယ်နှစ်ခန့်ကဘဲ ဖလော်ရီဒါကလူငယ်အဆိုတော်အသင်းရဲ့တွဲဖက်တည်ထောင်သူ ဖြစ်လို့နေလေရဲ့။ ယခုလည်း သူမရဲ့ပိုင်ဆိုင်မှုတွေတိုးချဲ့တဲ့အနေနဲ့ တောင်အာဖရိကမှာ မြေတွေဝယ်ယူလျက်ရှိနေပါတယ်။

ဘုန်းဟိန်းသွေး ( MOMOLAY )

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။