အိမ်တစ်လုံးတောင် မဝယ်နိုင်သေးဘူးဆိုတဲ့ AOA မှ ဆိုဟွန်း

wow
Axob2pdywvpssrguay43
Momolay
Vozd2btrezbyldxnndss
Posted on - Jan 11

၁၁၊ ဇန်နဝါရီ၊ ၂၀၁၇

ကြော်ငြာတွေအများကြီးမှာ ပါဝင်လာခဲ့ပြီး အတော်လေးကို အောင်မြင်နေတဲ့ AOA အဖွဲ့ဝင် အဆိုတော်ဆိုဟွန်းဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ ပါဝင်လာခဲ့ရင်းနဲ့ သူမရဲ့လက်ရှိအခြေအနေတစ်ခုကို ပြောဆိုသွားခဲ့ပါတယ်။

N8svv1eiir6z9gbcdwq0

ဆိုဟွန်းဟာ ဇန်နဝါရီလ ၇ရက်နေ့က ပြသခဲ့တဲ့ Ask us Anything အစီအစဉ်မှာ ဧည့်သည်အဖြစ်နဲ့ ပါဝင်လာခဲ့ရင်း တခြားဧည့်သည်တွေနဲ့အတူ ကိုယ်မလုပ်နိုင်သေးတဲ့အကြောင်းအရင်းတစ်ခုကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဆိုဟွန်းက သူပြောဆိုရမယ့်အလှည့်မှာ သူမအနေနဲ့ အခုအချိန်ထိ အိမ်တစ်လုံးတောင် မဝယ်ယူနိုင်သေးဘူးလို့ ပြောဆိုခဲ့လို့ အစီအစဉ်မှာပါဝင်လာခဲ့သူအာလုံး အံအားသင့်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုဟွန်းဟာ မနှစ်တုန်းက ကြော်ငြာပေါင်းအခုနှစ်ဆယ်လောက် ရိုက်ကူးထားခဲ့ရလို့ ဝင်ငွေအရမ်းကောင်းနေမှာ သေချာနေတာကြောင့်ဖြစ်ပြီး ဆိုဟွန်းကတော့ သူတို့ထင်သလို မဟုတ်ကြောင်းနဲ့ လက်ရှိမှာလည်း အိပ်ဆောင်မှာနေနေရတာဖြစ်ကြောင်း ဖြေရှင်းသွားခဲ့ပါတယ်။ ဆိုဟွန်းရဲ့ဖြေရှင်းချက်ကို လက်မခံတဲ့ အစီအစဉ်တင်ဆက်သူတစ်ယောက်က ကြော်ငြာတွေဆီကနေ ပိုက်ဆံအများကြီး မရရှိခဲ့ဘူးလားလို့ မေးခဲ့လိုက်ရာ ဆိုဟွန်းက ကြော်ငြာတွေကနေ ရရှိခဲ့တဲ့ အကျိုးအမြတ်တွေကို AOA အဖွဲ့သားအားလုံးအတွက် အချိုးချခွဲဝေပေးတာဖြစ်ပြီး တစ်ဦးတည်းကိုပဲ အကျိုးအမြတ်အများကြီးပေးတဲ့ပုံစံမဟုတ်ကြောင်း ထပ်မံဖြေရှင်းပြောဆိုသွားခဲ့ပါတယ်။ အခုလို အိမ်မဝယ်နိုင်သေးပေမယ့် စိတ်ညစ်မနေကြောင်းကိုလည်း ဆိုဟွန်းက ပြောဆိုသွားခဲ့ပါသေးတယ်ခင်ဗျာ။

Ref : Soompi

ဘုန်းဟိန်းသွေး ( MOMOLAY )

 အခြားစိတ်ဝင်စားဖွယ်များ