ဘာကြောင့် အိမ်ထောင်ရေး ပြိုကွဲကြတာလဲ

Posted on - Jan 11 []

Nora Shinthant

စာရေးသူ
Ve18c6yzwf0ngvbeub0l

၁၁၊ ဇန်နဝါရီ၊ ၂၀၁၇

အိမ်ထောင်တစ်ခုကို တည်ဆောက်ထားပြီဆိုကတည်းက နှစ်ဦးသဘောတူကြည်ဖြူလို့၊ ချစ်လို့ တည်ဆောက်ခဲ့ကြတာပါ။ ဘယ်သူမှ ကိုယ့်ရဲ့အိမ်ထောင်ရေး ပြိုကွဲသွားမှာ၊ အဆင်မပြေဖြစ်မှာကို မလိုလားကြပါဘူး။ ဒါကြောင့်လည်း အိမ်ထောင်တစ်ခုတည်ဆောက်ပြီဆိုကတည်းက ကတိသစ္စာတွေပြုကြတယ်။ ယုံကြည်မှုတွေတည်ဆောက်ကြပါတယ်။ ဒါပေမဲ့ အချိန်တွေကြာလာတဲ့အခါ အိမ်ထောင်ရေးအဆင်မပြေတာမျိုး ဖြစ်တတ်ကြပါတယ်။ အိမ်ထောင်ရေး ပြိုကွဲသွားတာမျိုး ဖြစ်လာကြပါတယ်။ သဘောထားကွဲလွဲမှုတွေ၊ အဆင်မပြေမှုတွေနဲ့ နားလည်မှုလွဲကြတဲ့အခါ ပြဿနာတွေဖြစ်လာကြတယ်။ မိသားစုတွေပြိုကွဲကြတာ၊ အိမ်ထောင်ရေးအဆင်မပြေဖြစ်တာတွေဟာ တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့လာလို့ စိတ်သာယာကိုရှာကြရင်းက အိမ်ထောင်ရေးကိုပြိုကွဲဖို့ အစပြုလာကြတာဖြစ်ပါတယ်။ ဘယ်လိုအရာတွေကြောင့်လဲ။ ဘာတွေလိုအပ်နေလို့လဲ။

Cp4cdiwlyy3e8ek3culb

1. သစ္စာတရား
အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာ ယောက်ျားရော၊ မိန်းမရောပါ သစ္စာရှိဖို့ လိုပါတယ်။ အဓိက သစ္စာတရားပါပဲ။ တစ်ယောက်ပေါ်တစ်ယောက် သစ္စာတည်နေမယ်ဆိုရင် တခြား ဘယ်လိုအရာကမှ လာဖျက်စီးလို့မရပါဘူး။

2. နားလည်မှု
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့လည်း အရေးကြီးပါတယ်။ နားလည်မှုဟာ အိမ်ထောင်တစ်ခုရဲ့ အခြေခံအကြောင်းတရားတစ်ခုပါပဲ။

3. ယုံကြည်မှု
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိလာရင် တစ်ယောက်အပေါ်တစ်ယောက်လည်း ယုံကြည်မှုရှိလာမှာပါပဲ။ သံသယနဲ့တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုက ဘယ်လိုမှမတည်မြဲနိုင်သလို ပျော်ရွှင်မှုလည်း မရှိနိုင်ပါဘူး။

4. ချစ်ခြင်းမေတ္တာ
ချစ်ခြင်းမေတ္တာတရားကြောင့် အရာရာကိုနားလည်လက်ခံပေးနိုင်ပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဖြစ်ဖို့တော့ လိုပါတယ်။ စစ်မှန်တဲ့ချစ်ခြင်းတရားက အရာရာကို သည်းခံပေးနိုင်ပါတယ်။

5. အတ္တစိတ်တွေကိုရှောင်ပါ
အိမ်ထောင်တစ်ခုမှာ အရေးကြီးဆုံး အရာပါပဲ။ မိဘနှစ်ပါးက အတ္တစိတ်နဲ့တွေနဲ့ယှဉ်ပြိုင်နေကြမယ်ဆိုရင် မိသားစုပြိုကွဲသွားနိုင်ပါတယ်။ အဓိက ဒီအတ္တစိတ်တွေသာ မရှိရင် အရာရာအဆင်ပြေပါပြီ။

Adieskqhtftrrjwahbtm

အိမ်ထောင်ရေးပြိုကွဲရတဲ့ အကြောင်းအရင်းတွေက ဒါကြောင့်ပါပဲ။ ဒီအခြေခံတွေမရှိရင် အဆင်မပြေနိုင်ပါဘူး။ ပါးစပ်ကပဲ နားလည်မှုနဲ့လက်တွဲထားတယ်။ ယုံကြည်မှုနဲ့တည်ဆောက်ထားတယ်။ သစ္စာတရားနဲ့ အခြေခံထားတယ်။ ချစ်ခြင်းမေတ္တာတွေနဲ့ လက်တွဲထားကြတယ်။ ဘယ်လိုပဲပြောပြော တကယ်လက်တွေ့ မတည်ဆောက်ရင် ပြိုကွဲနိုင်ပါတယ်။ ဒါကြောင့် မိသားစုများအားလုံး သစ္စာတရားကိုအခြေခံပြီး ယုံကြည်နားလည်မှုတွေနဲ့ ချစ်ခြင်းမေတ္တာကို တည်ဆောက်နိုင်ကြပါစေ။

ရွှေကျေး(မိုမိုလေး)

🐯 ကျားလေး Online SuperMarket 🐯

Omokqlz3wvegdtozypcv

ဖေဖေ၊ မေမေတို့အတွက် ကလေးပစ္စည်းမျိုးစုံးလွယ်ကူစွာဝယ်ယူနိုင်ရန် ကျားလေး Android app ကို အခုပဲ သွင်းထားလိုက်ပါ။
https://goo.gl/IWOU8t

သိလိုရာမေး (Thiloyarmay)

Fk4jzxd2uboeagbuikqn

** ယခု post ကို သိလိုရာမေး (Thiloyarmay) မှအဓိကကူညီပံ့ပိုးပေးထားပါတယ် **

အိမ်ထောင်ရှင်အမျိုးသား/အမျိုးသမီးများ၊ကျန်းမာရေးလိုက်စားသူများ အတွက်http://goo.gl/HYdApp တွင်သိလိုသမျှဝင်ရောက်မေးမြန်းနိုင်ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Yd7ncj1qftmhpnfqfkew

ရှိရင်းစွဲ ခြေစွမ်းထက် ပိုတောက်ပလှတဲ့ ဘရာဇီးသား နေမာ

Aug 21 2017 (0 views)

Bs5rvpvqxrotdsp4lhjq

၃မိနစ်၊ ၄၁ စက္ကန့်အတွင်း ၃ဂိုးသွင်းခဲ့တဲ့ မန်ယူတိုက်စစ်ကြောင့် နှစ်(၁၀၀)ကြာ စံချိန်ပြန်ရ

Aug 19 2017 (4579 views)

Eku84ofpq8iuplakztfc

တူ၊ တူမတွေကို သည်းသည်းလှုပ် ချစ်တတ်တဲ့ သရုပ်ဆောင် ၅ ယောက်

Aug 20 2017 (2187 views)

Cyeddtbuok5sau30hz3h

ဘာစီလိုနာရဲ့အနာဂတ် (သို့) ဇာပီဆီမွန်

Aug 20 2017 (2620 views)

Joxpqpesjngq9amygcu1

အသဲကောင်းလို့ ပွဲတောင်းပြီး ယှဉ်ပြိုင်ကြမယ့် အမျိုးသမီးလက်ဝှေ့မယ်တို့ပါဝင်တဲ့ ချန်ပီယံလုပွဲ

Aug 20 2017 (1355 views)

Hqzhflgv1magydnhwxsp

ကလေးတွေအနား မကပ်ရလို့ စိတ်မကောင်းဖြစ်နေတဲ့ မေမေ ခုတော့ တရားမှတ်နေရတယ်

Aug 19 2017 (1430 views)

Rwsnfelttjofygwqzmfs

Saint-Tropez မှာ BFF vacation လုပ်ခဲ့တဲ့ ကိတ်ဝင်းစလက်နဲ့ လီယိုနာဒို

Aug 20 2017 (1046 views)

Iyo53hkphcbywpxkzlto

မျိုးဆက်ရှားပါးမှုကို မီးမောင်းထိုးပြလိုက်တဲ့ မြန်မာအမျိုးသမီးရှုံးနိမ့်ပွဲ

Aug 20 2017 (1026 views)