အောင်မြင်မှုကြောင့် ကျွန်တော်က လျှိုတယ်ဆိုတာ မရှိခဲ့ဘူးဆိုတဲ့ ထွန်းထွန်း

Posted on - Jan 11 []

Hein Tan Zin

စာရေးသူ
Uduyvmgvcscz88b9uoyl

၁၁၊ ဇန်နဝါရီ၊ ၂၀၁၇

အဆိုတော်သရုပ်ဆောင်ထွန်းထွန်းက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အနုပညာရှင်အချို့ရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်လေ့ရှိတဲ့ ( သတင်းမှန်တွေရှိသလို သတင်းအမှားတွေ ရှိပါတယ် ) နာမည်ကျော် ဖေ့စ်ဘုတ်စာမျက်နှာတစ်ရဲ့ ဖော်ပြချက်နဲ့ပတ်သတ်ပြီး သူရဲ့စိတ်ခံစားချက်များကို အခုလိုရေးသားပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

Nngwxhhwowwt08bakx6o


" တခါတခါလောကကြီးမှာ သိသာသိစေ
မမြင်စေနဲ့ ဆိုတာက အကြောင်းတရားတွေရှိတယ်ဗျာ။
ချစ်လို့ပဲဖြစ်ဖြစ် မုန်းလို့ပဲဖြစ်ဖြစ် ဖော်ထုတ်တယ်ပေါ့။ ပြောပြမယ်။ ကျွန်တော်ဆိုတဲ့ကောင်က တခြားသူတွေနဲ့မတူဘူးထင်တာပဲ။ ရည်းစားထားတိုင်းလည်း နှစ်ဦးနှစ်ဖက်အဆင်ပြေမယ်ဆိုရင် ပရိတ်သတ် မိတ်ဆွေတွေကို အမြဲပေါ်တင် အသိပေးသူပါ။ တဖက်သူအတွက် ဒိုင်လျှိုလေးနေမှ အဆင်ပြေမယ်ဆိုရင်တော့လည်း နားလည်ပေးရမယ်လေ။
၂၀၀၉-၂၀၁၀တုန်းကပေါ့။ ကျွန်တော် ရည်းစားထားတယ်။ အဲ့တုန်းက အခုလောက် online မသုံးကြသေးဘူးဆိုပေမယ့်လည်း သူ့အနေထားနဲ့သူဟာသူတော့ သုံးနေကြတယ်။ ကျွန်တော်ရဲ့အဲ့တုန်းကကောင်မလေးက စလုံးမှာ ကျောင်းတက်နေတယ်။ တွေ့ချင်ရင် သွားလည်ရတယ်ပေါ့ဗျာ (တခြားသူတွေလိုပါပဲ)။ အတိုချုံးပြောရရင် သူကအပြန် ကျွန်တော်ကို စလုံးလေဆိပ်ပြန်လိုက်ပို့တယ်။ အမှတ်တရဓါတ်ပုံရိုက်တယ်။ ကျွန်တော်က Facebookသုံးကာစဆိုတော့ တင်လိုက်တယ်။ သူကသိသိခြင်းပြန်ဖျက်ဖို့ပြောပြီး ဖျက်လိုက်တယ်။ အေးဆေးပဲလေ။ ဒါပေမယ့် အဲ့မြှာ့ပသနာက စတော့တာပဲ။ကျွန်တော်ကို ဘယ်အချိန်ကတည်းက ချောင်းနေမှန်းမသိတဲ့သူက tun tun and his girlfriend ဆိုပြီး facebook page တွေ blog တွေမှာ တင်ပလိုက်ရော။ ပျံ့သင့်သလောက်ပျံ့သွားတယ်ပေါ့ဗျာ။ ကောင်မလေးမှာ အသိုင်းအဝိုင်းဆွေမျိုးတွေရှိတယ်လေ။ချွန်တဲ့သူတွေချွန်တော့ မြင်တဲ့သူ့အမျိုးတွေလည်း အကုန်မြင်ရောပဲ။ ကျွန်တော်နဲ့မှ မဟုတ်ပါဘူး။ တခြားဘယ်သူနဲ့ဖြစ်ဖြစ် သူ့အသိုင်းအဝိုင်းက ရည်းစားမထားစေချင်ကြဘူးလေ။ ကျွန်တော်နဲ့အတူ ပုံလေးတွေပါမြင်တော့ ငါးပါးပါမှောက်ရောလေ။ ပုံကို ကျွန်တော်လျှာရှည်ပြီးတင်လို့အခုလိုတွေဖြစ်တာဆိုပြီး ကောင်မလေးနဲ့ ကွိုင်တွေတက် စကားပြောတွေမှားပြီး နောက်ဆုံးမှာပြဲကွဲခဲ့ရပါတယ်။ အခုသာဒီလိုတွေပြန်ပြောနိုင်တာ အဲ့တုန်းကဆို ဘာကိုဒေါသထွက်ရမှန်းမသိဘူး "

Fj1pz4tnhccacabdf9r0


" အခုအဓိကပြောချင်တာက လူတိုင်း လူတိုင်းမှာ ဖုံးကွယ်ထားရတဲ့ Privacy ဆိုတာ အကြောင်းကြောင်းတွေ ရှိတယ်ဗျ။ အောင်မြင်မှုကြောင့် ကျွန်တော်က လျှိုတယ်ဆိုတာ မရှိခဲ့ဘူး။ ကျွန်တော် နေထိုင်လာခဲ့တဲ့ lifestyle ကိုလည်း ပြန်လှန်ကြည့်လိုက်ဦး။ လူများသားသမီးကို ကိုယ့်အောင်မြင်မှုအတွက် လူသိမခံတာတွေ ဖုံးကွယ်ထားရတာတွေ ရှိရအောင်လည်း ကျွန်တော့်စိတ်ဓါတ်က အဲ့လောက်အောက်တန်းမကျဘူး။ ပတ်သတ်ဘူးတဲ့ ရည်စားတိုင်း သိတယ် ရှာဖွေပြီးမေးကြည့်။
အခုဟာက ခင်ဗျားတို့က ကိုယ်ချစ်တဲ့ အနုပညာသမားကို လူတွေလိုပဲ ပြသနာတွေ ခံစားချက်တွေ အခက်အခဲတွေ မရှိဘူးထင်ကြတယ်ဗျာ။ တည်ငြိမ်တဲ့ ဘဝတခု ရအောင်တည်ဆောက်နေတုန်းတော့ အခက်အခဲတွေကြုံရဦးမှာပါ။
ပထမဆူံးအကြိမ် အခုလိုတွေဖြစ်တာ မဟုတ်ပေမယ့်
စိတ်ညစ်တယ် ဆိုတာထက်ပိုတာတွေခံစားရတယ်။
Photo တွေကသူ့ရဲ့ ကိုယ်ပိုင် SC account ကို hack ပြီးယူသွားတာတဲ့ဗျာ။
ကိုယ်သာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာကြည့်ပေးပါဗျာ
စိတ်ညစ်တယ် အပြတ်ပြတ်နဲ့နှာခေါင်းသွေး မထွက်ပါရစေနဲ့ "


Source from - Tun Tun's Facebook
ဘုန်းဟိန်းသွေး ( MOMOLAY )

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Yd7ncj1qftmhpnfqfkew

ရှိရင်းစွဲ ခြေစွမ်းထက် ပိုတောက်ပလှတဲ့ ဘရာဇီးသား နေမာ

Aug 21 2017 (0 views)

Bs5rvpvqxrotdsp4lhjq

၃မိနစ်၊ ၄၁ စက္ကန့်အတွင်း ၃ဂိုးသွင်းခဲ့တဲ့ မန်ယူတိုက်စစ်ကြောင့် နှစ်(၁၀၀)ကြာ စံချိန်ပြန်ရ

Aug 19 2017 (4579 views)

Eku84ofpq8iuplakztfc

တူ၊ တူမတွေကို သည်းသည်းလှုပ် ချစ်တတ်တဲ့ သရုပ်ဆောင် ၅ ယောက်

Aug 20 2017 (2187 views)

Cyeddtbuok5sau30hz3h

ဘာစီလိုနာရဲ့အနာဂတ် (သို့) ဇာပီဆီမွန်

Aug 20 2017 (2620 views)

Joxpqpesjngq9amygcu1

အသဲကောင်းလို့ ပွဲတောင်းပြီး ယှဉ်ပြိုင်ကြမယ့် အမျိုးသမီးလက်ဝှေ့မယ်တို့ပါဝင်တဲ့ ချန်ပီယံလုပွဲ

Aug 20 2017 (1355 views)

Hqzhflgv1magydnhwxsp

ကလေးတွေအနား မကပ်ရလို့ စိတ်မကောင်းဖြစ်နေတဲ့ မေမေ ခုတော့ တရားမှတ်နေရတယ်

Aug 19 2017 (1430 views)

Rwsnfelttjofygwqzmfs

Saint-Tropez မှာ BFF vacation လုပ်ခဲ့တဲ့ ကိတ်ဝင်းစလက်နဲ့ လီယိုနာဒို

Aug 20 2017 (1046 views)

Iyo53hkphcbywpxkzlto

မျိုးဆက်ရှားပါးမှုကို မီးမောင်းထိုးပြလိုက်တဲ့ မြန်မာအမျိုးသမီးရှုံးနိမ့်ပွဲ

Aug 20 2017 (1026 views)