စကပ်တိုကြောင့် အရှက်ကွဲခဲ့ရတဲ့ Red Velvet က Irene

Posted on - Jan 11

Hein Tan Zin

စာရေးသူ
Aeuh5uzw4mleprd4uopr

၁၁၊ ဇန်နဝါရီ၊ ၂၀၁၇

Red Velvet အဖွဲ့ရဲ့မန်ဘာတစ်ဦးဖြစ်သူ Irene ကို မသိသူမရှိသလောက်ပါပဲ။ ဘာကြောင့်ဆိုတော့ သူရဲ့သီချင်းဆိုစွမ်းရည်နဲ့ အမျိုးသမီးချင်းပါ ငှေးမောသွားလောက်တဲ့ သူမရဲ့အလှအပတွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် Irene ဟာ သူမရဲ့ ယုံကြည်ချက်လွန်ကဲမှုကြောင့် ပြသာနာတစ်ခုဖြစ်နေရပြီး ဒီပြသာနာကလည်း Irene ကို နှောင်ကြည်သွားလောက်အောင် ဆုံးမသွားနိုင်ပါတယ်။

Ret4gp2ibgqwqjwar1ai


ခန္ဓာကိုယ်အချိုးအဆ ပြေပြစ်လှပသူတစ်ယောက်ဖြစ်တဲ့ Irene ဟာ ပုရိဿတို့အသည်းစွဲ အနုပညာရှင်တစ်ဦးဖြစ်ပြီး သူမရဲ့အနုပညာခရီးလမ်းကြောင်းမှာ သတင်းဆိုးမရှိသလောက်ပါပဲ။ ဒါပေမယ့် ကံဆိုးချင်တော့ အမည်မဖော်ထားတဲ့ အင်တာနက်သုံးစွဲသူတစ်ဦးဟာ ဖျော်ဖြေပွဲတစ်ခုမှာ ဖျော်ဖြေနေရင်း စကပ်တိုလှန်သွားတဲ့ Irene ရဲ့ပုံကို GIF File ပြုလုပ်ကာ အင်တာနက်စာမျက်နှာပေါ်မှာတင်ပြီး ဖွခဲ့ပါတယ်။ Kpop အမျိုးသမီးအနုပညာရှင်အများစုဟာ စကပ်တိုဝတ်ဆင်ကြပေမယ့် စကပ်တိုရဲ့အောက်မှာ အရှက်ကိုလုံခြုံစေမယ့် အောက်ခံစကပ်တစ်မျိုးကို ပူးတွဲဝတ်ဆင်လေ့ရှိပါတယ်။ ဒီလို မဝတ်ဆင်ထားခဲ့တဲ့ Irene ကတော့ သူရဲ့ပေါ့ဆမှုကြောင့် အတွင်းခံအထိပါ ပေါ်သွားခဲ့ရပြီး အရှက်ဖြန်းဖြန်းကွဲသွားရပါတယ်။ ဒီလုပ်ရက်ဟာ Irene ကို ကာအိနြေ္ဒပျက်ပြားအောင် တိုက်ခိုက်တယ်လို့ သတ်မှတ်နိုင်သလို နောက်နောင် စကပ်တိုဝတ်တဲ့အခါ နောက်ခံစကပ်တိုကိုပါ တွဲဝတ်ဖို့အတွက် သတိပေးလိုက်တဲ့သဘောကိုလည်း ဆောင်နေပါတယ်ခင်ဗျာ။

သင်ရော စကပ်တိုဝတ်ဆင်တာကို သဘောကျသူလား

  • ဟုတ်ပါတယ် 12
  • မဟုတ်ပါ 37

Ref : Koreaboo

ဘုန်းဟိန်းသွေး ( MOMOLAY )