ဟားလ်စီးတီးနဲ့ပွဲမှာ (Man Of The Match) ရရှိသွားတဲ့ မာတာ

soccer
Mrcembodq5npr4qtegns
Momo Soccer
Fcdq4f7s5453ddpsdweh
Posted on - Jan 11

၁၁၊ ဇန်နဝါရီ၊ ၂၀၁၇


အင်္ဂါနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန်လိဂ်ဖလားဆီမီးဖိုင်နယ်ပကျော့ပွဲစဉ်တွင် မန်ယူအသင်းကဟားလ်စီးတီးအသင်းကို (၂-၀)အနိုင်ရရှိသွားခဲ့တာကိုတွေ့ရပါ တယ်။ မန်ယူအသင်းအတွက်ဦးဆောင်ဂိုးနဲ့အနိုင်ဂိုးတွေကိုတော့ ပွဲကစားချိန်(၅၆)မိနစ်မှာမာတာ၊ (၈၇)မိနစ်မှာတော့ဖယ်လိုင်နီတို့က သွင်းယူပေးခဲ့ပါတယ်။ မန်ယူအသင်းဟာ ပြိုင်ပွဲစုံ(၉)ပွဲဆက်အနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။

T2hbd1nswwofgtpunkxh

မာတာဟာမန်ယူအသင်းကို(၂၀၁၄)ခုနှစ်ကရောက်ရှိလာခဲ့တာဖြစ်ပြီး မန်ယူအသင်းအတွက်ပြိုင်ပွဲစုံ(၁၂၉)ပွဲကစားထားပေးပြီး (၃၃)ဂိုးသွင်းယူထားတာကိုတွေ့ရပါတယ်။ မာတာဟာချဲလ်ဆီးအသင်းမှကစားခဲ့တုန်းက ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၃၅)ပွဲကစားထားခဲ့ပြီး သွင်းဂိုး (၃၃)ဂိုးသွင်းယူထားခဲ့တာလည်းဖြစ်ပါတယ်။

Source ~ Manchester United
Photo ~ Manchester United' Photo
@waiyan