ဆောက်သမ်တန်ရဲ့ အိမ်ကွင်းခြေစွမ်းမာကျော်မှုကို လီဗာပူးအံ့တုနိုင်မှာလား

Posted on - Jan 11

Wai Yan Ko Ko

စာရေးသူ
Astfdfpghbxyteex7nhl

၁၁၊ ဇန်နဝါရီ၊ ၂၀၁၇

(၁၂.၁.၂၀၁၇) ကြာသပတေးနေ့ မနက် မြန်မာစံတော်ချိန် နံနက် (၂:၁၅) နာရီတွင် ဆောက်သမ်တန်နဲ့ လီဗာပူးတို့ရဲ့ အင်္ဂလန်လိဂ်ဖလား ဆီမီးဖိုင်နယ် ပကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ နောက်ဆုံးပြိုင်ပွဲစုံ ငါးပွဲမှာ သုံးပွဲနိုင်၊ နှစ်ပွဲသရေ ရရှိအောင် စွမ်းဆောင်ထားနိုင်တာကိုလည်း တွေ့ရပါတယ်။ မနှစ်က (၂၀၁၆) ခုနှစ်က မန်စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ ဗိုလ်လုခဲ့ကြပြီး မန်စီးတီးအသင်း ဗိုလ်ဆွဲသွားခဲ့တာကိုလည်း တွေ့ရပါတယ်။ လီဗာပူးအသင်းဟာလည်း လိဂ်ဖလားပြိုင်ပွဲတစ်လျှောက် အအောင်မြင်ဆုံးအသင်းအနေနဲ့ ရပ်တည်နေခဲ့ပြီး ဆောက်သမ်တန်အသင်းကို ကျော်ဖြတ်သွားနိုင်မှာလားဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ လီဗာပူးရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ ကော်တင်ညိုကလည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီး ဆောက်သမ်တန်နဲ့ ပွဲမှာ ပြန်လည်ပါဝင်နိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ လီဗာပူးတိုက်စစ်ကစားသမား မာနေးဟာ အာဖရိကဖလားပြိုင်ပွဲမှာ မိခင်ကလပ်ဖြစ်တဲ့ ဆီနီဂေါအသင်းအတွက် ပါဝင်ကစားနေရတဲ့အတွက် လီဗာပူးအသင်းရဲ့ တိုက်စစ်မှာ မပါဝင်လာနိုင်တာကို တွေ့ရပါတယ်။

Pxuvqmgwvnusahtslsjq

ဆောက်သမ်တန်အသင်းဟာလည်း ပြိုင်ပွဲစုံငါးပွဲဆက်တိုက်မှာ တစ်ပွဲနိုင်၊ သုံးပွဲရှုံး၊ တစ်ပွဲသရေနဲ့ပရီးမီးယားလိဂ်ဇယားလိဂ်ဇယား အဆင့် (၁၀) မှာရပ်တည်နေတဲ့အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ဆောက်သမ်တန် အသင်းဟာ အာဆင်နယ်၊ ဆန်းဒါးလန်း၊ ပဲလေ့စ် အသင်းတို့ကိုဖြတ်ကျော်ခဲ့ပြီး ယခုဆီမီးဖိုင်နယ်ပကျော့ပွဲစဉ်ကို တက်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။ နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတဲ့ ဆောက်သမ်တန် အသင်းရဲ့ခြေစွမ်းဟာအားနည်းမှုတွေရှိနေပေမယ့် အိမ်ကွင်းခြေစွမ်းမာကျောတဲ့ ဆောက်သမ်တန်အသင်းကို လီဗာပူးအသင်းအနိုင်ရရှိသွားမှာလားဆိုကတော့ စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ........

ဘယ်အသင်းအနိုင်ရရှိသွားမှာလဲ?

  • ဆောက်သမ်တန် 3
  • လီဗာပူး 9

Source ~ This Is Anfield
@waiyan