ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄၈သင်းအထိတိုးမြှင့်ရန် ဖီဖာဆုံးဖြတ်

Posted on - Jan 11

Thar Lay Htet Aung

စာရေးသူ
Jl2tubptuahtujykeewi

၁၁ ၊ ဇန်န၀ါရီ၊ ၂၀၁၇
.
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာက လာမည့်၂၀၂၆ကမ္ဘာ့ဖလားမှစတင်ကာ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို ၄၈သင်းအထိတိုးမြှင့်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ၂၀၂၆ကမ္ဘာ့ဖလားအတွက် အိမ်ရှင်နိုင်ငံကိုရွေးချယ်ရခြင်း မရှိသေးသော်လည်း ၃သင်းစီပါဝင်သည့် အုပ်စု၁၆ခုခွဲကာ ၄၈သင်းပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Hhnnorvdx96rbdftenml

လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းအရေအတွက်မှာ ၃၂သင်းသာရှိတာကြောင့် စုစုပေါင်း၆၄ပွဲသာ ကစားခဲ့ရသော်လည်း အသင်းအရေအတွက် တိုးမြှင့်ပြီးပါက ပွဲ၈၀အထိရှိလာမည်ဖြစ်သည်။ အဆိုပါ၄၈သင်းစနစ်ကို ကမ္ဘာကျော်ဘောလုံးသမား မာရာဒိုနာနှင့် မန်ယူအသင်းနည်းပြ မော်ရင်ဟိုတို့က ထောက်ခံခဲ့ကြသော်လည်း ဥရောပနိုင်ငံအများစုက ကန့်ကွက်ခဲ့ကြသည်။

Fmg8d5exagrg4cbkpsvd

ပရိသတ်ကြီးကရော ၄၈သင်းစနစ်ကို သဘောကျရဲ့လား

  • ကျပါတယ် 8
  • မကျပါဘူး 3

#ထက်အောင်