ဖခင် ဦးအောင်ရင်ပြောတဲ့ သားဖြစ်သူ မိုးအောင်ရင် အကြောင်း

Posted on - Jul 15 []

Moe Hein San

စာရေးသူ
Vzpbb2lwcay5rp63oakh

၁၅ ၊ဇူလိုင်၊ ၂၀၁၇

မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှုနဲ့ အဖမ်းခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင် အမှုအခြေအနေက သက်သေတွေစစ်ဆေးစဲ ကာလဖြစ်ပြီ ထူးခြားမှု မရှိသေးဘူး"လို့ မိုးအောင်ရင် ရဲ့ ဖခင် အဆိုတော် အောင်ရင်ကပြောပါတယ်။

Lntba0vjqrrmvi3i5k72

"တရားရုံးမှာပဲ ရှိပါသေးတယ်။ သက်သေတွေက (၁၀) ယောက်လောက်ရှိတာ ရုံးတင်စစ်ဆေးတုန်းကာလပဲ ရှိပါသေးတယ်။ ဘယ်သူ မှားတယ်၊ မှန်တယ် ဆိုတာကတော့ တရားဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူရမှာပေါ့။ အခု အင်းစိန် ထောင်မှာပါ။ အခြေအနေကတော့ ကျန်းမာပါတယ်။ ကျွန်တော့်သားကို တစ်ပတ် (၂) ရက် သွားတွေ့ပါတယ်။ သူ့အတွက် သူစားချင်တာလေးတွေလုပ်ပေးပါတယ်။ ဒီလောက်ပါပဲ” လို့ ဖခင်ဖြစ်သူအဆိုတော်အောင်ရင်ကဆိုပါတယ်။

S0ugzt4u72glro8kpr02

သရုပ်ဆောင်မိုးအောင်ရင် ပရိသတ်တွေနဲ့ပတ်သက်ပြီ ဖခင်ဖြစ်သူဦးအောင်ရင်က “သူ့ရဲ့ ပရိတ်သတ်တွေကို ပြောချင်တာက စိတ်မကောင်း မဖြစ်ပါနဲ့၊ သူတကယ်လုပ်တယ် ဆိုရင် ဒါကတော့ သူခံရမှာပေါ့။ သူမလုပ်ဘူးဆိုလည်း သူလွတ်မှာပေါ့။ ကျွန်တော်တို့ကတော့ ရှေ့နေငှားပြီး ရင်ဆိုင်မယ်၊ ဒီအနေထားလောက်ပါပဲ" လို့ အဆိုတော် အောင်ရင် မှ သားဖြစ်သူ သရုပ်ဆောင် မိုးအောင်ရင် ရဲ့ အမှုအခြေအနေကိုပြောပြလိုက်ပါတယ်။

သုတဗိုလ်(မိုမိုလေး)
Photo – Aung Yin (fb)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။