စိုင်းစိုင်းနေတဲ့ အိမ်အတွင်းခန်းထဲကို သွားလည်ကြည့်ရအောင်

Posted on - Jul 15 []

Aung Khant

စာရေးသူ
Khkkgr72yyrktcvxeyvv

၁၅၊ ဇူလိုင်၊ ၂၀၁၇

စိုင်းစိုင်းလို့ဆိုလိုက်ရင်တော့ မြန်မာပြည်ဟစ်ဟောပ့်လောကရဲ့ အအောင်မြင်ဆုံး လူကြိုက်အများဆုံး အနုပညာရှင်တစ်ဦးအဖြစ် အများသိကြပြီး ၁၀ စုနှစ်တစ်စုစာ အောင်အောင်မြင်မြင် ရပ်တည်ခုသူမို့ သူ့ရဲ့အနုပညာနဲ့ ပိုင်ဆိုင်မှုတွေကလည်း မနည်းပါဘူး။ မနေ့ကတော့ SPINE Architects ဆိုတဲ့ Facebook Page လေးကနေ The Sai Sai (SSKL) House ဆိုပြီး စိုင်းစိုင်းရဲ့ နေအိမ်ပုံလေးတွေကို တင်ထားတာတွေ့ရပြီး စိုင်းစိုင်းပရိသတ်တွေ မြင်တွေ့ရခဲတဲ့ စိုင်းစိုင်းရဲ့နေအိမ်ကို လေ့လာခွင့်ရခဲ့ပါတယ်။

Pyqbo0twxgewbywuqnhj

ဒီအိမ်ကိုတော့ SPINE Architects ကနေ ၂၀၁၄ ခုနှစ်ကတည်းက ပြီးစီးအောင်ဆောက်လုပ်ပေးထားတယ်လို့ သိရပြီး အိမ်အတွင်းခန်းထဲကို ကြည့်လိုက်မယ်ဆိုရင် အဖြူရောင်များများသုံးထားတာ တွေ့ရတာမို့ စိုင်းစိုင်းဟာ အဖြူရောင်ခရေဇီလားဆိုတာ စိတ်ဝင်စားစရာပါ။ အိမ်လေးက အရမ်းကြီးခမ်းခမ်းနားနား တောက်တောက်ပြောင်ပြောင် မဟုတ်ပေမယ့် အဆင်ပြေပြီး သပ်ရပ်တဲ့ပုံစံနဲ့ တွေ့ရပါတယ်။

Cdx3avkm5qio65xl7lmw

စိုင်းစိုင်းဟာ တစ်ချို့သောဂီတဗီဒီယိုတွေနဲ့ ဇာတ်ဝင်ခန်းတွေမှာ သူ့ရဲ့နေအိမ်ကို ထည့်သုံးလေ့ရှိပြီး ဒီအိမ်ဟာလည်း သူ့ဇာတ်ဝင်ခန်းတစ်ခုခုမှာ ပါဝင်ခဲ့ဖူးတဲ့ အိမ်တစ်အိမ်ဖြစ်ဖို့များပါတယ်။ ဒီတစ်ပတ်ပိတ်ရက်လေးမှာတော့ အားလုံးရဲ့အချစ်တော် စိုင်းစိုင်းရဲ့ နေအိမ်လေးထဲကို အင်တာနက်ပေါ်ကနေပြီး သွားလည်ကြည့်လိုက်ရအောင်။ စိုင်းစိုင်းတစ်ယောက် ဘယ်လိုတွေတောင်နေထိုင်ပါသလဲ?

ဘုရားခန်းလေးကလည်း သပ္ပာယ်လှပါတယ်

Ittf3n0vrpf39yawwqfc

စိုင်းစိုင်းရဲ့ အနုပညာတွေကို ဖန်တီးရာနေရာလေးတစ်ခု

Bdq7jwuxlucoiaqscizm

အပြင်ဘက်မြင်ကွင်း

Kcrohnsqjj30v0kxbuaq

အတွေးတွေလတ်ဆက်ဖို့ မြက်ခင်းစိမ်းစိမ်း

Anyndmwfvkncmfc1rghg

Source - Spine Architects

အောင်ခန့်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။