ကုမ္ပဏီအတွက်ဝင်ငွေအများဆုံးရှာပေးတဲ့ Idol group များ

Posted on - Jul 16 []

Myatsu Nyein

စာရေးသူ
A3i2rivkrztbworaapml

၁၆၊ ဇူလိုင်၊ ၂၀၁၇

တောင်ကိုရီးယား နာမည်ကြီး Entertainment ကုမ္ပဏီတွေဟာ နာမည်ကျော် idol group တွေ အများအပြားကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီအတွက် အဓိက၀င်ငွေ ရှာပေးတဲ့ အဖွဲ့တစ်ခုတော့ ရှိစမြဲဖြစ်ပါတယ်။ Idol အဖွဲ့များစွာ ပွဲထုတ်လာကြတဲ့ အင်တာတိတ်မန့်တွေဟာ အဖွဲ့အသစ်တွေဆီကလဲ ၀င်ငွေတွေ အမြတ်တွေ များစွာရရှိလာကြတာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီအတွက် အဖိုးတန်တဲ့ နာမည်ကျော်ကြားမှုနဲ့ ၀င်ငွေအများအပြားကို ရှာဖွေပေးခဲ့ပြီး မိခင်ကုမ္ပဏီကို ပိုမို ချဲ့ထွင်လာနိုင်တဲ့အထိ ၀င်ငွေအမြောက်အမြား ရှာဖွေပေးခဲ့တဲ့ Idol Group ၁၀ ဖွဲ့ ရှိပါတယ်။ ဘယ်အဖွဲ့တွေက ဘယ်အင်တာတိတ်မန့်တွေအတွက် ၀င်ငွေများစွာရှာပေးပြီး အကျိုးပြုခဲ့သလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

(၁) SM Entertainment – TVXQ

W6fezxk74gydu74x0y7j

SM မှာ နာမည်ကျော်ကြားတဲ့ အဖွဲ့များစွာရှိပါတယ်။ အဲဒီအဖွဲ့တွေကနေလဲ ၀င်ငွေများစွာ ရရှိပါတယ်။ ဒါပေမယ့် TVXQ ရဲ့ ဂျပန်ကနေရရှိတဲ့ ၀င်ငွေအောင်မြင်မှုကိုတော့ မယှဉ်နိုင်သေးပါဘူး။ ၂၀၁၆ ပထမနှစ်ဝက်မှာတင် TVXQ ဟာ SM အတွက် ဝမ် ၁၀၀ ဘီလီယံ ရှာဖွေပေးနိုင်ခဲ့ပါတယ်။

(၂) JYP Entertainment – 2PM

Vinvppsylo9ioewoj5h6

ဆယ်နှစ်ကြာ အနုပညာခရီးလမ်းတစ်လျှောက် 2PM ဟာ JYP အတွက် ၀င်ငွေအများဆုံး ရှာပေးနိုင်တဲ့ နံပါတ်တစ်အဖွဲ့အဖြစ် ရပ်တည်နိုင်နေဆဲ ဖြစ်ပါတယ်။ GOT7 နဲ့ Twice တို့ဟာလဲ အလျင်အမြန်အောင်မြင်မှုရပြီး ၀င်ငွေတွေ ရှာပေးနေပေမယ့် 2PM ကနံပါတ်တစ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

(၃) YG Entertainment – BIGBANG

Y5bbnvnysx8rv6srsedr

YG အတွက်တော့ သံသယရှိစရာမလိုအောင် Big Bang အဖွဲ့ပါပဲ။ Big Bang အဖွဲ့ဟာ YG ရဲ့ ၀င်ငွေတွေထဲက ၈၀ ရာခိုင်နှုန်းကို ရှာဖွေပေးနေတာ ဖြစ်ပါတယ်။

(၄) Woolim – INFINITE

Ski9io296jixxild0nbx

Infinite အဖွဲ့ကတော့ Woolim အင်တာတိတ်မန့် ၀င်ငွေရဲ့ ၈၅ ရာခိုင်နှုန်းကို ရှာဖွေပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ Nell rock band ကုမ္ပဏီကထွက်သွားပြီးနောက်မှာ ကုမ္ပဏီရဲ့ဝင်ငွေ ၉၅ ရာခိုင်နှုန်းဟာ Infinite အဖွဲ့ကရှာပေးနေတဲ့ ၀င်ငွေဖြစ်လာပါတယ်။

(၅) WM Entertainment – B1A4

K44xogpwhteysx7fpejw

B1A4 ဟာ ကုမ္ပဏီအတွက် တကယ့်ကို အထောက်အကူပြုတဲ့ အဖွဲ့ဖြစ်ပါတယ်။ B1A4 အဖွဲ့မအောင်မြင်ခင်က WM မှာ အတည်တကျ အဆောက်အဦး မရှိသေးပါဘူး။ B1A4 အောင်မြင်လာပြီးကာမှ အဆောက်အဦးတစ်ခု ၀ယ်ယူလာနိုင်ခဲ့သလို Oh My Girl အဖွဲ့ကိုလဲ ပွဲထုတ်လာနိုင်ခဲ့ပါတယ်။

(၆) FNC Entertainment - FT Island

Ljyijcsygdommlo39dwq

လက်ရှိမှာ AOA အဖွဲ့ဟာ FNC အတွက် အဓိက၀င်ငွေရှာပေးတဲ့ အဖွဲ့ဖြစ်နိုင်ပေမယ့် တကယ်တမ်းက FT Island ဟာ ကုမ္ပဏီကို ဒီနေ့လိုအခြေအနေဖြစ်လာတဲ့အထိ ချဲ့ထွင်နိုင်အောင် အမြတ်အစွန်းများစွာ ရှာဖွေပေးနိုင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

(၇) KQ Entertainment – Block B

Qezhifpi0d1jwiirolii

Stardom Entertainment ကနေ ထွက်ခွာခဲ့တဲ့ Block B အဖွဲ့ဟာ KQ Entertainment နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အင်တာတိတ်မန့်အသစ်အတွက် ၀င်ငွေတွေရှာပေးနေတဲ့ Block B အဖွဲ့ပါ။

(၈) Pledis Entertainment – SEVENTEEN

Isuept3ejzusolp6pavu

၂၀၁၅ ခုနှစ်က ပွဲဦးထွက်ခဲ့တဲ့ Seventeen အဖွဲ့ဟာ တဖြည်းဖြည်းနာမည်ရလာပြီး အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ သူတို့ရဲ့ comeback က ကုမ္ပဏီအတွက် အထောက်အကူများစွာ ဖြစ်ခဲ့ပြီး Pristin ဆိုတဲ့ အဖွဲ့သစ်ကိုတောင် ပွဲထုတ်နိုင်ခဲ့ပါတယ်။

(၉) Big Hit Entertainment – BTS

Gbgc8pjxputrp8kof3ol

Big Hit Entertainment ဟာ မူလက အကြွေးနဲ့စတင်ခဲ့တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် BTS ပွဲဦးထွက်ပြီးနောက်ပိုင်း အကြီးအကျယ် ပေါက်မြောက်ခဲ့တဲ့ ကုမ္ပဏီလဲဖြစ်ပါတယ်။ ၀င်ငွေများစွာ ရှာဖွေပေးခဲ့တဲ့ BTS ကြောင့် ကုမ္ပဏီဟာ အခုဆိုရင် အကြွေးတွေကို ပေးချေနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Big Hit ရဲ့ ၀င်ငွေ ၉၅ ရာခိုင်နှုန်းဟာ BTS ဆီကရတဲ့ ၀င်ငွေတွေပါ။

(၁၀) TOP Media – TEEN TOP

Gndp34tegof3acfb0xxj

Teen Top အဖွဲ့ကတော့ Top မီဒီယာရဲ့ နံပါတ်တစ် ၀င်ငွေရှာပေးတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင် L.Joe ထွက်ခွာပြီးနောက်ပိုင်းမှာလဲ ကုမ္ပဏီအတွက် နံပါတ်တစ်ဝင်ငွေရှာပေးနိုင်တဲ့ အဖွဲ့ဖြစ်နေဆဲပါ။

မြတ်စုငြိမ်း (မိုမိုလေး)
Ref : koreaboo


Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။