လူကာကူကို မော်ရင်ဟို ခေါ်ယူခဲ့ခြင်းရဲ့ အဓိကအချက်

Posted on - Jul 16 []

Thar Lay Htet Aung

စာရေးသူ
W73v2yhwfistaq7g1mxy

၁၆၊ ဇူလိုင်၊ ၂၀၁၇
.
မန်ယူနည်းပြ မော်ရင်ဟိုဟာ လူကာကူကို ဈေးကြီးပေး ခေါ်ယူခဲ့တာနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ ရှိနေပေမယ့် အသင့်သုံးနိုင်တဲ့ ကစားသမား တစ်ယောက်ဖြစ်လို့ အခုလိုခေါ်ယူ ခဲ့တဲ့အကြောင်း ရှင်းလင်းပြောကြား သွားခဲ့ပါတယ်။

Onrx5vyz5gmhuyujaipr

မော်ရင်ဟိုက “အသင်းရဲ့အဓိက လိုအပ်ချက်ဖြစ်တဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့အတွက် ကျွန်တော်အများကြီး စဉ်းစားခဲ့ရပါတယ်။ တိုက်စစ်မှူးကောင်းတွေ အများကြီးရှိပေမယ့် အသင်းအတွက် သင့်တော်မယ့် တိုက်စစ်မှူးတစ်ဦးရဖို့က မလွယ်ဘူးလေ။ အခြားလိဂ်က တိုက်စစ်မှူး ခေါ်ယူခဲ့မယ်ဆိုရင်လဲ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမှာ အခြေကျဖို့ အချိန်ပေးရပါဦးမယ်။ လူကာကူကတော့ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံ ရှိပြီးသားဖြစ်ပြီး ဘောလုံးရာသီတစ်ခုမှာ အနည်းဆုံးဂိုး၂၀လောက် သွင်းနိုင်တဲ့ ကစားသမားမျိုးပါ။ ဒါ့ကြောင့် သူ့ကိုခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Wp0e28nb6jcwuy9uoivw

လူကာကူဟာ ၂၀၁၁ခုနှစ်ကတည်းက ချဲလ်ဆီးကို ရောက်ရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ကျင်လည်လာတာ ၆နှစ်လောက် ရှိနေပါပြီ။ မှတ်တမ်းတွေအရ လူကာကူဟာ ပရီးမီးယားလိဂ်မှာ ၁၈၆ပွဲကစားခဲ့ပြီး ၈၅ဂိုးသွင်းကာ ဂိုးဖန်တီးမှု၂၈ကြိမ် ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ လူကာကူဂိုး၂၀ သွင်းနိုင်မယ်ထင်လား?

  • ထင်ပါတယ် 46
  • မထင်ပါဘူး 8

#ထက်အောင်


Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။