ကိုရီးယားအနုပညာရှင်တွေရဲ့ ချစ်သူကို လက်ထပ်ခွင့်တောင်းနည်း

Posted on - Jul 17 []

Myatsu Nyein

စာရေးသူ
Y5mnzwakhdiazicmduvl

၁၇၊ ဇူလိုင်၊ ၂၀၁၇

ကိုရီးယားဒရမ်မာဇာတ်ကားတွေထဲမှာတော့ မင်းသားတွေက မင်းသမီးတွေကို စိတ်ကူးယဉ်ဆန်ဆန် လက်ထပ်ခွင့်တောင်းတာ မကြာခဏ တွေ့ဖူးကြမှာပါ။ တကယ့် လက်တွေ့မှာရော ကိုရီးယားအနုပညာရှင်တွေက သူတို့ချစ်သူတွေကို ဘယ်လို လက်ထပ်ခွင့်တောင်းမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒီအနုပညာရှင် ၅ ယောက်ကတော့ သူတို့ချစ်သူတွေကို စိတ်ကူးယဉ်ဆန်ဆန်လေး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

ဘေယောင်ဂျွန်းနဲ့ ပတ်ဆူးဂျင်

D99suhwk9o1hnyk6qj15

နှင်းဆီကိုကိုလို့ လူသိများတဲ့ ကိုရီးယားမင်းသား ဘေယောင်ဂျွန်းကတော့ သူ့ချစ်သူ မင်းသမီး ပတ်ဆူးဂျင်ကို ဒူးလေးထောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။ အဖြူရောင်ဝတ်စုံလေးနဲ့ လှပနေတဲ့ ချစ်သူပတ်ဆူးဂျင်ကို ဘေယောင်ဂျွန်းက ဒူးတစ်ဖက်ထောက်ပြီး လက်ထပ်ခွင့်တောင်းနေတဲ့ ဓာတ်ပုံလေးနဲ့အတူ သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲသတင်းကို ပရိသတ်ကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ချစ်သူဖြစ်နေတာကို ဘယ်သူမှ မသိခဲ့ပါဘူး။ လက်ထပ်ပွဲကျင်းပခါနီမှ သိခဲ့ကြတာပါ။

ဟန်ချေယောင်း နဲ့ ချွဲဒုံဂျွန်း

Qncapx428xvag00jy2py

ဒီတစ်ခါ လက်ထပ်ခွင့်တောင်းသူ ချွဲဒုံဂျွန်းက အနုပညာရှင်တစ်ယောက် မဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ။ ဒါပေမယ့် ဆောင်းချွန်းယန်းလို့ ပရိသတ်တွေသိကြတဲ့ သူ့ချစ်သူ မင်းသမီးချော ဟန်ချေယောင်းကို လက်ထပ်ခွင့်တောင်းပုံကတော့ မိန်းကလေးတိုင်း အားကျရလောက်ပါတယ်။ ချွဲဒုံဂျွန်းက ၅ ကာရက်ရှိတဲ့ စိန်လက်စွပ်နဲ့ မာစီဒီး ဘန့်ဇ်-S500 နဲ့ ဟန်ချေယောင်းကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ဟန်ချေယောင်းရဲ့စိန်လက်စွပ်ဟာ ဂန်းနမ်ရဲ့အချက်အခြာကျတဲ့နေရာမှာ စတုရန်းပေ ၁ ထောင် အကျယ်ရှိတဲ့ အခန်းကို ၀ယ်ယူနိုင်တဲ့အထိ တန်ဖိုးရှိပါတယ်။

ယွန်ဆန်းဟွန်း နဲ့ MayBee

Orodjpemyby1g0saiylo

ယွန်ဆန်းဟွန်းက MayBee ကို လက်ထပ်ခွင့်တောင်းပုံကလဲ ဆန်းပြားပါတယ်။ ယွန်ဆန်းဟွန်းဟာ MayBee ကို Blind Date မှာ မြင်မြင်ချင်း ချစ်မိသွားခဲ့တာပါ။ နှစ်လလောက်တွဲပြီးကြချိန်မှာ သူတို့စုံတွဲဟာ လက်ထပ်ဖို့ ပြောခဲ့ကြပါတယ်။ တစ်ရက်မှာ MayBee က ယွန်ဆန်းဟွန်းရဲ့အိမ်ကို သွားလည်ရင်း ညစာချက်ကျွေးခဲ့ပါတယ်။ ယွန်ဆန်းဟွန်းက အဲဒီနောက်ပိုင်းမှာ MayBee ရဲ့ နှလုံးသားကို ထာဝရပိုင်ဆိုင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်တဲ့။ ဘယ်လို လျှို့ဝှက်နည်းတွေနဲ့ လက်ထပ်ခွင့်တောင်းလိုက်လဲတော့ မသိရပါဘူး။

ဂူဟေးဆန်နဲ့ အန်ဂျေဟွန်း

Wddbin8bb1hrulfrpc9v

သရုပ်ဆောင် ၊ ဒါရိုက်တာ ၊ စာရေးဆရာမ ဂူဟေးဆန်ကို ချစ်သူ မင်းသားအန်ဂျေဟွန်းက နူးနူးညံ့ညံ့လေး လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ပန်းလေးလိုလှတဲ့ ဂူဟေးဆန်ကို ပန်းတွေအများကြီးနဲ့ လက်ထပ်ခွင့်တောင်းခဲ့တာပါ။ နောက်ပြီး သူကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ လက်ဝတ်ရတနာ တစ်ဆင်စာကို လက်ဆောင်ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ လက်ထပ်ပွဲအတွက် ကုန်ကျမယ့်စရိတ်တွေကို ကလေးဆေးရုံကို လှူဒါန်းခဲ့ပါတယ်။

ဟန်ဂါအင်းနဲ့ ယွန်ဂျောင်ဟွန်း

Mpjrz0iueikgdlrovwfk

မင်းသမီးဟန်ဂါအင်းနဲ့ မင်းသား ယွန်ဂျောင်ဟွန်းတို့ဟာ Yellow Handkerchief ဒရမ်မာရိုက်ကူးရင်း ၂၀၀၃ ခုနှစ်က တွေ့ဆုံခဲ့ကြပြီး ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ မင်းသား ယွန်ဂျောင်ဟွန်းဟာ ဟန်မြစ်နားမှာရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်လုံးကို ငှားပြီး ဘောလုံးတွေ အပြည့်ချိတ်ဆွဲထားခဲ့ပြီး မီးရှူးမီးပန်းတွေလည်း တပ်ဆင်ထားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ရက် ၆၀၀ ပြည့် အမှတ်တရ မီးပန်းတွေပစ်ဖောက်ရင်း လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ဘယ်လောက်တောင် ရင်ခုန်စရာကောင်းလိုက်သလဲနော်။

မြတ်စုငြိမ်း (မိုမိုလေး)
Ref : koreaboo


Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။