ဘာစီလိုနာရဲ့အနာဂတ် (သို့) ဇာပီဆီမွန်

Posted on - Aug 20 []

Thar Lay Htet Aung

စာရေးသူ
Cyeddtbuok5sau30hz3h

အနာဂတ်မှာ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရတဲ့ ဘာစီလိုနာအသင်းရဲ့ လူငယ်ကစားသမားလေး ဇာပီဆီမွန်ဟာ ဘာစီလိုနာ လူငယ်အသင်းမှာ အတော်လေး ခြေစွမ်းပြ ကစားနေတာကြောင့် တစ်စထက်တစ်စ နာမည်ကျော်ကြား လာနေပါတယ်။

Mtd65loefwx3k0hdzded

သူဟာ လက်ရှိဘာစီလိုနာ ယူ-၁၃အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး သူ့ရဲ့ဘောလုံး စွမ်းရည်တွေကလဲ တကယ့်ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်အလား ထင်မှတ်ရလောက်အောင်ပါ။ သူ့ရဲ့ပုံစံဟာ ပရိသတ်တွေ မြင်တွေ့ရတဲ့အတိုင်း ရော်နယ်ဒင်ဟိုလို ပုံစံဖြစ်ပြီး ဆံပင်ပုံစံကတော့ ဘာစီလိုနာရဲ့ ဂန္တဝင်ကြီး ပူယိုလ်းအတိုင်းပါပဲ။

Dpmbmfsw5yixtwz3lkjk

Abbvmky3yqupkxt3errl

ဘောလုံးအမြင် စူးရှမှုပိုင်းမှာ ဇာပီလို အကွက်မြင်တတ်ပြီး ဘော်ဒီအယိမ်းအနွဲ့ကို ကြည့်ရင်လဲ အင်နီယေစတာ၊ အလိမ်အခေါက် စွမ်းရည်မှာလဲ မက်ဆီလိုမျိုး သွင်မတူအောင် ထူးချွန်သူပါ။ ဒ့ါကြောင့်လဲ ဇာပီဆီမွန်ကို အနာဂတ်မှာ ဘာစီလိုနာနဲ့အတူ တောက်ပလာမယ့် ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ထားကြတာပါ။

Arpw0uohudnvfkbqrlfl

ပြောနေရင် အပိုထင်မှာစိုးလို့ သူ့ရဲ့ဘောလုံးစွမ်းရည်တွေကို အကဲခတ်လို့ရမယ့် ဗီဒီယိုဖိုင်ပါ တစ်ပါတည်း တင်ဆက်ပေးလိုက်ပါတယ်။

XAVI SIMONS ● THE FUTURE OF BARCELONA ● Best Skills & Goals

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။