မျိုးဆက်ရှားပါးမှုကို မီးမောင်းထိုးပြလိုက်တဲ့ မြန်မာအမျိုးသမီးရှုံးနိမ့်ပွဲ

Posted on - Aug 20 []

Aung Ye Kyaw

စာရေးသူ
Iyo53hkphcbywpxkzlto

ချန်ပီယံဆုတံဆိပ် ရရှိဖို့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ဗီယက်နမ်နဲ့ပွဲစဉ်မှာ မြန်မာအသင်းအနေနဲ့ ကြိုးစားသလောက်အရာမထင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ယနေ့နေ့လည် (၂း၃၀)မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း နဲ့ ဗီယက်နမ် အမျိုးသမီးလက်ရွေးစင် အသင်းတို့ပွဲစဉ်မှာ ဗီယက်နမ် အသင်းက ၃ဂိုး မြန်မာ အသင်းက တစ်ဂိုး ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပါတယ်။

Kyydncad3nqhotrjgxdt

မလေးရှား ဒေသစံတော်ချိန် (၄း၀၀) အရ အဆိုပါပြိုင်ပွဲ ကစားနေချိန်မှာ ရာသီဥတု ပူပြင်းမှုကြောင့် ပထမပိုင်းအတွင်းနှစ်ဘက်ကစားသမားတွေ ပုံမှန်ခြေစွမ်းအောက်ကျရောက်နေခဲ့ပါတယ်။ဒါပေမယ့် ဗီယက်နမ်အသင်းက တိုက်စစ်ဖွင့် ကစားခဲ့တာကြောင့် ပထမပိုင်းမှာပဲ ဗီယက်နမ်က တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။မြန်မာအသင်းအနေနဲ့ နည်းဗျုဟာအရ နောက်တန်းနဲ့အလယ်တန်းချိတ်ဆက်နိုင်ခဲ့ပေမယ့် တိုက်စစ်လှုပ်ရှုားမှုအားနည်းခဲ့လို့ ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး။

Lklnviuw69l3ztnowuhp

Lvvdqwrysatsuqmangfv

ဒုတိယပိုင်း ပြန်အစမှာတော့ မြန်မာအသင်းက တိုက်စစ်ပြင်ကစားခဲ့သလို အလယ်တန်းလှုပ်အားကြောင့် တစ်ဂိုးပြန်လည်ရရှိခဲ့ပါတယ်။အပြန်အလှန် တစ်ဂိုးစီ သွင်းယူပြီး နောက်ပိုင်း မြန်မာ ရွှေမျှော်လင့်ချက်တွေ လင်းလက်ခဲ့ပေမယ့် ဗီယက်နမ် အသင်းက နှစ်ဂိုး သွင်းပြီးချိန်မှာတော့ ရွှေအိမ်မက် ပျောက်ကွယ်ခဲ့ပါတယ်။ ယနေ့ပွဲစဉ်မှာ မြန်မာကစားသမား မျိုးဆက် လိုအပ်မှုကို သိသား ထင်ရှားပြီး အမျိုးသမီး ဘောလုံးသမား ရှားပါးမှုကို ခံစားမိပါတယ် ။ နောက်ပွဲစဉ် အနေနဲ့ မြန်မာအမျိုးသမီး အသင်းက ဖီလစ်ပိုင်အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်မှာ မလေးရှာရောက် ရွှေမြန်မာတွေ အားပေးခဲ့တာ ကြည်နူးမိပါတယ်။

Gbkhqsrux0ttrq443rhn

29th SEA Games KL 2017 Women's Football

Myanmar 🇲🇲 1-3 Vietnam 🇻🇳(Full Time)

MK (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။