Saint-Tropez မှာ BFF vacation လုပ်ခဲ့တဲ့ ကိတ်ဝင်းစလက်နဲ့ လီယိုနာဒို

Posted on - Aug 20 []

Myatsu Nyein

စာရေးသူ
Rwsnfelttjofygwqzmfs

ဝါရင့်သရုပ်ဆောင်နှစ်ယောက်ဖြစ်ကြတဲ့ လီယိုနာဒိုနဲ့ ကိတ်ဝင်းစလက်တို့ကို ချစ်သူတွေဖြစ်လာမလားလို့ မျှော်လင့်လင့်ချက်အမျိုးမျိုးနဲ့ အင်တာနက်ပေါ်မှာ ship နေကြတာ ဆယ်စုနှစ်တစ်ခုလောက် ရှိပါပြီ။ ဒါပေမယ့် အခုအချိန်အထိ သေချာနေတဲ့အရာတစ်ခုက သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေအဆင့်မှာပဲ ရှိသေးတယ် ဆိုတာပါပဲ။

Rcbx5o38xf2z3mdfency

ကမ္ဘာကျော် တိုက်တန်းနစ် ဇာတ်ကားမှာ သူတို့နှစ်ယောက်စလုံးဟာ တကယ့်ကို လိုက်ဖက်ညီမှုရှိပြီး ပရိသတ်တွေကလည်း အလွန်သဘောတူတဲ့ အနုပညာရှင်စုံတွဲတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ကိတ်ဝင်းစလက်ကတော့ လီယိုနာဒိုဟာ သူ့အတွက် Brother တစ်ယောက်လိုပါပဲလို့ အကြိမ်ကြိမ် ထုတ်ပြောခဲ့ဖူးပါတယ်။

Xp1twntkopgtjeig95cq

မကြာသေးခင်က Saint-Tropez မှာ အတူတကွ အပန်းဖြေခဲ့ကြတဲ့အချက်ကိုထောက်ပြီး "ဘုရားရေ...သူတို့နှစ်ယောက်များ ချိန်းတွေ့နေကြပြီလား" လို့တော့ မအံ့သြလိုက်ပါနဲ့။ ဘာလို့ဆိုတော့ အဲဒီ vacation မှာ သူတို့နှစ်ယောက်ဟာ ဘာထူးခြားမှု တစ်စုံတစ်ရာမှ မရှိဘဲ ဒီတိုင်းအတူတကွ အချိန်တွေကို ကုန်ဆုံးစေခဲ့တာပါ။

Buufsrxxzgb2juxgx6d9

အခုအချိန်အထိ တိုက်တန်းနစ် ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကို တွဲပြီးမြင်လိုက်တိုင်း တွဲများနေကြပြီလားလို့ မရိုးမရွစဉ်းစားနေရတုန်းပါပဲ....ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ Just BFF ပါတဲ့။

Kpepuwitqmwathvcdurq

MSN
Ref : glamour.com

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။