ဗီလိန်သတ်လို့ သေဆုံးခဲ့တဲ့ ရင်မှာကျန်ရစ် သူရဲကောင်းအမှန်အစစ်

Posted on - Sep 13 []

Aung Ye Kyaw

စာရေးသူ
Ejfnzchdzkcdise52wje

ဇာတ်ကားတွေမှာ သူရဲကောင်းဆိုတာ ဘယ်တော့မှ မသေဆုံးဘူးလို့ စာရေးသူတို့လက်ခံထားမှုက တကယ်တော့ မှားယွင်းနေပါတယ်။ ဘာဖြစ်လို့ မှားယွင်းနေတယ် ဆိုတာကိုတော့ အောက်ဖော်ပြပါဇာတ်ကား (၆)ကားကိုကြည့်ရင်သတိထားမိကြမှာပါ။ တစ်ခါတစ်လေ မင်းသား (တစ်နည်းပြောရရင်) သူရဲကောင်း သေဖို့ဆိုတာကတော့ ဗီလိန်သတ်ခြင်းခံရမှသာ သေဖို့ဖြစ်နိုင်ပါတယ်။ပရိသတ်ကို လေးစားရင် စစ်မှန်တဲ့အနုပညာကို ချပြခြင်းနဲ့ အနုပညာစွမ်းရည်ကိုမြင့်တင်ရမှာပါ။ ရုပ်ရှင်ဇာတ်ကား တစ်ကားရဲ့သစ္စာတရားဆိုတာ ဒါရိုက်တာသဘောကျ ဖန်တီးထားမှုလည်းမဟုတ်၊ ပရိသတ်အလိုကျ ဖန်တီးထားခြင်းလည်းမဟုတ် ရုပ်ရှင်ဇာတ်ကားကောင်းမွန်မှုအပေါ်ကိုသာ အလေးထား တင်ဆက်ပြသမှာသာ အဲ့ဇာတ်ကားက ရုပ်ရှင်သစ္စာပြည့်ဝတဲ့ ဇာတ်ကားပါ။

Saving Private Ryan

Qhuajmcv4glgw7n8mc5u

အော်စကာဆုတွေနဲ့ အတူအောင်မြင်မှုကို ယနေ့တိုင်ရရှိနေတဲ့ ဇာတ်ကားကိုတော့ ယနေ့တိုင်းအားလုံးမှတ်မိကြမှာပါ။ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်လောက်အောင် ရုပ်ရှင်အနုပညာပြကွက်တွေက လွှမ်းခြုံထားပါတယ်။ဒီဇာတ်ကားထဲက ဇာတ်ဝင်ခန်းနှစ်ခန်းက ယနေ့တိုင် မှတ်မိနေဆဲပါ။ ဂျာမန်စစ်သားတွေ မြို့ကို ထပ်မံဝင်စီးတဲ့အချိန် မျော်စင်ပေါ်က အမေရိကန်စစ်သားကို ဂျာမန်စစ်သားက နှလုံးနေရာကို ဓားနဲ့ဖြေးညင်းစွာထိုးတဲ့ဇာတ်ဝင်ခန်းရယ် နောက်ဆုံး ကပ္ပတိန် John Miller သေဆုံးတဲ့အခန်းပါ။

saving private ryan ကြည့်ရန်

Pan’s Labyrinth

H5vy0fyokdbhp3mdzhrb

အမှောင်ကမ္ဘာဖြစ်သွားတဲ့ နန်းတော်ကြီးအတွက် ပြန်လည်လင်းလက်လာဖို့ မင်းသမီးလေးရဲ့ အနစ်နာခံမှုကိုခံစားနိုင်မှာပါ။Princess Moanna တစ်ယောက် လူလောကထဲရောက်ချိန်နောက်ပိုင်းအမှောင်ကျသွားတဲ့ နန်းတော်ကြီးမှာ တိတ်ဆိတ်မှုတွေသာကြီးစိုးနေပါတယ်။အရင်လိုရွှေနန်းတော်ကြီး ဖြစ်တည်ဖို့ လက်ရှိလူသားဘ၀မှာ လိုအပ်တဲ့ စွန့်စားမှုတွေနဲ့နောက်ဆုံး စွန့်စားခန်းအရောက် မိမိကိုယ်ကိုစတေးကာ ပထွေးဖြစ်သူရဲ့သတ်ခြင်းခံရတာကြောင့် ဗီလိန်သတ်တဲ့ သူရဲကောင်းအဖြစ် ထင်ရှားပါတယ်။ဒါပေမယ့်သေလွန်ပြီး နောက်ဘ၀မှာတော့ Princess Moanna အဖြစ်ပြန်လည်မွေးဖွားလာပါတယ်။

Pan's Labyrinth ကြည့်ရန်

The Departed

Lpc3aymu3adzkjc4ormt

ဘယ်တော့မှ မမေ့တဲ့ဇာတ်ညွှန်းတွေနဲ အော်စကာဆုတွေရရှိထားတဲ့ The Departed ဇာတ်ကားကိုတော့ ကြည့်ဖူးကြမှာပါ။မွေးစားသားကို ရဲသင်တန်းအရောက်ပို့ခဲ့ပြီး ဖခင်အရင်းပမာစောင့်ရှောက်ထားရာမှ နောက်ဆုံးမှာတော့ Frank Costello ကို မွေးစားထားတဲ့ ဗီလိန်သားဖြစ်သူက သတ်လိုက်တဲ့အခါစာရေးသူလက်ခံမိတာက "မိမိကလွဲပြီး ဘယ်အရာမှယုံကြည်လို့မရဘူး" ဆိုတာပါပဲ...

The Departed ကြည့်ရန်

Braveheart

Glbgiycqqvhuha2r4ltl

လွတ်လပ်ရေးဆိုတာ Braveheart ဇာတ်ကားမှာပေါ်လွင်ပါတယ်။စကော့တလန်သူရဲကောင်းဝေါ့လေ့သမိုင်းကြောင်းက အတော်လေးရင်မှာခံစားရစေပါတယ်။တိုက်ခိုက်မှုတွေကြားက ဝေါ့လေ့တစ်ယောက် အဖမ်းခံရပြီးနောက်ပိုင်း သေမိန့်ကိုသက်သာစွာခံယူဖို့ တောင်းပန်ခိုင်းပေမယ့် ဝေါ့လေ့က လွတ်လပ်ရေး ခံယူချက်အတွက် နောက်ဆုံးအချိန်အထိ အလျော့မပေးဘဲ တိုက်ပွဲဝင်ခဲ့မှုက နှလုံးကိုထုတ် သေဆုံးစေခဲ့ပါတယ်။

Braveheart ကြည့်ရန်

The Gladiator

L6tzhhacnjwbvxdl4kdh

နန်းကျခေါင်းဆောင်တစ်ယောက်ရဲ့ကျဆုံးမှုနဲ့အတူ Maximus Decimus Meridius ရဲ့ဘ၀အနိမ့်အမြင့်တွေက ဇာတ်လမ်းကိုအမြင့်ဆုံးရောက်စေပါတယ်။ နောက်ဆုံးရင်ဆိုင်တိုက်ပွဲမှာ Maximus Decimus Meridius ရဲ့နှုတ်ဆက်ခန်းက ရင်နာနာနဲ့ ဇာတ်ကိုအဆုံးသတ်စေပါတယ်။

Gladiator ကြည့်ရန်

Harry Potter and the Deathly Hallows: Part 2

O1hymbag5fcoqmrab2uq

ဇာတ်လိုက်ကျော်ကြီး ဟယ်ရီပေါ်တာ သေဆုံးခြင်းက အမှောင်သခင်ကြီးကို ပျော်ရွှင်မှုပေးစေခဲ့ပါတယ်။ ဟယ်ရီသေဆုံးခြင်းကပရိသတ်တွေအားလုံး မှင်သတ်စေပါတယ်။နောက်ဆုံးမှာတော့..သူရဲကောင်ဆိုတာ ဗီလိန်သတ်လို့သေခဲ့ရတာကို ပေါ်လွင်စေပါတယ်....

Harry Potter and the Deathly Hallows - Part 2

Idhxdwnterbcmbum9r3f

ဇာတ်ကားတွေမှာ သူရဲကောင်းဆိုတာ ဘယ်တော့မှ မသေဆုံးဘူးလို့ စာဖတ်ပရိသတ်ကြီးလည်း လက်ခံထားမှုက မှားယွင်းနေတယ်ဆိုတာလက်ခံလိုက်ပြီပေါ့နော်...
(ဘယ်ဇာတ်ကားကို အစွဲလန်းဆုံးလည်းပြောခဲ့လေ...)

MK (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။