ဘီ (be) ဆိုပါလား…

Posted on - Sep 13 []

Aung Khant

စာရေးသူ
Ivmth4mjfytp12wnhyts

နည်းပညာခရီးလမ်းတွေမှာ အမြဲခြေတစ်လှမ်းနောက်ကျလေ့ရှိတဲ့ မြန်မာနိုင်ငံအတွက် ခြေလှမ်းသွက်သွက်နဲ့ ၀င်လာတဲ့နည်းပညာကုန်ပစ္စည်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူ့ရဲ့အမှတ်တံဆိပ်လေးကိုတော့ “be” လို့ပဲ ရိုးရိုးလေးပေးထားတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံအတွက် သင့်တင့်သော ဈေးနှုန်းလေးတွေနဲ့ IT ပစ္စည်းလေးတွေကို မိတ်ဆက်ပေးနေတဲ့ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်လေးတစ်ခုလို့ပြောနိုင်ပါတယ်။

Dsftrqj4uosjzu24joeq

be က မြန်မာနိုင်ငံရဲ့ IT market အတွက် ဘယ်လို Product တွေထုတ်ထားတာလဲ?
ဈေးနှုန်းအသက်သာဆုံး ဖြစ်တဲ့အပြင် ယုံကြည်စိတ်ချရမှုအပြည့်ပေးနိုင်သည့် အောက်ပါ ဘီ အမှတ်တံဆိပ် ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ ၀ယ်ယူ ရရှိနိုင်နေပြီဖြစ်ပါတယ်။

- be Tab 2 Pro (Microsoft Windows Tablet)
- be Mini PC (All in one keyboard PC)
- be Performance PC (Gaming)
- be Eazy book (10” Portable PC)
- be Eazybook Pro (14” Notebook PC)

be Tab 2 Pro

Ygqkegfxwqba9k5v2wrq

သူကတော့ Style & Smart ဖြစ်ချင်တဲ့ သူတွေကို ရည်ရွယ်ပါသတဲ့။ ဒီဇိုင်းအပြင်အဆင်ကလည်း သတ္တု Frame, Premium ဆန်ဆန် Leather တို့နဲ့ ပြုလုပ်ဖန်တီးထားသလို မှတ်စုတိုများကို အလွယ်တကူ မှတ်ယူနိုင်ဖို့အတွက်လည်း Stylish Pen လေးက အသင့်ရှိနေပါတယ်။ စာရင်းဇယားပိုင်းကို ပိုမိုလွယ်ကူစွာ လုပ်နိုင်ဖို့အတွက် IPS 10.8" Touch Display ပါဝင်ပါတယ်။ Specification ပိုင်းမှာဆိုရင် Intel Atom (Quad Core) Processor, 2GBRAM, 32GB storage တို့နှင့် ဖွဲ့စည်းထားပါတယ်။ Data Transfer ပိုင်းအတွက် USB type C ပါဝင်ပြီး USB Type A အသုံးပြုချင်သူများအတွက်လည်း Type Transfer Adapter လေးကလည်း လက်ဆောင်အဖြစ် ပါဝင်ဦးမှာပါ။ ဒါ့အပြင် Micro HDMI နဲ့ Type C port တွေကိုအသုံးပြုပြီး Projector နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါလိမ့်မယ်။

ဈေးကတော့ ၂၉၇၀၀၀ ကျပ်ပါ။

be Mini PC

Yis4mbowpn54z3rqqxel

Desktop PC တစ်လုံးရဲ့System Unit တာဝန်ကိုအပြည့်အ၀ ထမ်းဆောင်ပေးမယ့် be Mini PC ဒါမှမဟုတ် Keyboard ဟာဆိုရင် Notebook မှာ ပါဝင်တဲ့ Keyboard အရွယ်အစားအတိုင်း ဖန်တီးထားပြီး Full HD Output ကိုပါ အထောက်အပံ့ပေးနိုင်သည့်အတွက် အိမ်သုံး၊ ရုံးသုံး နှစ်မျိုးစလုံးအတွက် အဆင်ပြေမှာပါ။ GA or HDMI ပါဝင်သည့် မည်သည့် TV/Monitor အမျိုးအစားများနျှင့် ချိတ်ဆက်နိုင်ပါသည်။ (FHD output သွားသဖြင့် HD resolution ပေးနိုင်သည့် Monitor များဖြင့် ပိုပြီးသင့်တော်ပါတယ်)

Intel Atom Processor, RAM 2 GB နှင့် Storage 32GB တပ်ဆင်ထားသည့် be Mini PC တွင် Bluetooth နှင့် Wifi ကိုလည်း ချိတ်ဆက်အသုံးပြုနိုင်ဦးမှာပါ။ Storage ပိုင်းကို Micro SD ဖြင့် 128 GB အထိတိုးမြင့်နိုင်သလို External Hard Disk များဖြင့်လည်း ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းကတော့ ၁၆၀၀၀ ကျပ်ဖြစ်ပြီး အထူးအစီအစဉ်အနေဖြင့် 19.5" Monitor + UPS နှင့် be Mini PC ကိုတွဲဖက်ဝယ်ယူမည်ဆိုပါက မြန်မာငွေကျပ် ၂၉၉၀၀၀ ဖြင့်ဝယ်ယူရရှိနိုင်မှာလည်းဖြစ်ပါတယ်။

be Performance PC

Arvds0hufqdx16ai0jgp

Performance PC ဆိုတဲ့အတိုင်း Core i7 6700 HQ နဲ့ဖွဲ့စည်းထားပြီး Processor(CPU) ပိုင်းတွင် 6th Generation Core i7 6700 HQ ကိုတပ်ဆင်ပေးထားပါသည်။ Clock Speed ကတော့ 2.6 GHz ဖြစ်တဲ့အတွက် High Loading Application အသုံးပြုခြင်းသူများနှင့် Gaming သမားများအတွက် ကျေနပ်မှုကိုရရှိစေမှာဖြစ်ပါတယ်။

"Memory (RAM)" ကို 4GB တပ်ဆင်ပေးထားပါတယ်။ Photoshop, Autocad နှင့် Speed Performance Usage များအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ Professional Gamer များနှင့် High Speeder သမားများအတွက်တော့ RAM 4GB ထပ်မံစိုက်၍ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ RAM 4GB ထပ်မံတိုးမြင့်ခြင်းအတွက် 46000MMK ထပ်မံကုန်ကျမှာဖြစ်ပါတယ်။

"Graphic/Display" ပိုင်းကို တော့ nVidia GeForce GTX 950M 2GB DDR5 ပမာဏ တပ်ဆင်ထားသည့်အတွက် Photoshop, Autocad သမားများအတွက် အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Dota 2 ဆော့မည့် Professional Gamer များအတွက်လည်း 15.6" IPS Display ကိုအသုံးပြုထားသည့်အတွက် Full HD ရသ ကိုခံစားကာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

"Sound System" ပိုင်းအတွက် DOLBY Digital System ကိုအသုံးပြုထားတဲ့အတွက် ဂိမ်းကစားမည့်သူများနှင့် HD Movie ကြည့်ရှုမည့်သူများအတွက် အကောင်းဆုံးအသံပိုင်းကို ပေးစွမ်းနိုင်မှာပါ။
"Storage" ပိုင်းအတွက် 500 HDD ထည့်သွင်းပေးထားပါတယ်။ SSD ထည့်ချင်သူများအတွက်လည်း 512 GB အထိ ထပ်၍ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Battery ကို 3 cell Prismatic battery ကို အသုံးပြုထားတဲ့အတွက် မီးပျက်နေချိန်မှာတောင် ဂိမ်းဆော့ ရင်း HD Movies လေးတွေကြည့်ရင်း နှပ်နေနိုင်ပါသေးတယ်။

ဈေးနှုန်းအနေနဲ့ကတော့  လက်ရှိမှာ အထူးဈေးနှုန်း ၇၉၉၀၀၀ ကျပ်ဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

be Eazybook Pro

Qec8226via7gokk1xajq

ဒီဇိုင်းကတော့ Macbook လိုလိုဘာလိုလို ဂိုက်ဆိုဒ်နဲ့ 14" Display Size ကိုမှ ဘေးဘောင်ပါးပါးလေးနဲ့ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ Entry Model ဖြစ်တဲ့အတွက် Specification ကတော့

Intel Atom (Quad Core) 1.4 GHz
RAM - 2GB
Storage - 32 GB (Extend with SD card) တို့နဲ့အတူ Output Display အတွက် Mini HDMI port ပါဝင်ပါတယ်။

ဈေးနှုန်းကတော့ Windows10 Home License ပါတာက 247 USD (335500) ဖြစ်ပြီးတော့ License မပါတာကတော့ 210 USD (ခန့်မှန်းခြေ 285500) ပါ။

Jmpaih728o1hnzxr7qde

အထက်ပါထုတ်ကုန်တွေကိုတော့ မြန်မာထိပ်တန်း IT ကုမ္ပဏီဖြစ်တဲ့ KMD မှ Microsoft, Intel တို့၏ Engineer တို့နှင့် ပူးပေါင်း၍ Microsoft, Intel တို့၏ ထောက်ခံချက်ပေးသော စက်ရုံများတွင် be Productများကို Assemble ပြုလုပ်၍ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ထိုကဲ့သို့ Microsoft နဲ့ Intel တို့မှ အသိအမှတ်ပြုထုတ်လုပ်ထားတာဖြစ်တဲ့အတွက် be product များဟာ သူ့ဈေးနဲ့ သူ့ဆန်တော့ တန်တဲ့ပစ္စည်းလေးတွေလို့ ဆိုနိုင်ပါတယ်။

အောင်ခန့်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။