SM နဲ့ YG ရုံးချုပ်အဆောက်အဦးတွေရဲ့ အဓိကကွာခြားချက်

Posted on - Sep 13 []

Myatsu Nyein

စာရေးသူ
Fsjptcpgen0sdrsgfdvw

ရုံးချုပ်အဆောင်အဦးကြီးတွေကို ပိုင်ဆိုင်ထားတဲ့ kpop လောကရဲ့ ထိပ်သီး အင်တာတိတ်မန့်နှစ်ခုဖြစ်တဲ့ SM နဲ့ YG ရဲ့ရုံးအပြင်အဆင်ပိုင်းမှာ အဓိက ကွာခြားချက်တွေရှိပါတယ်။ ကုမ္ပဏီနှစ်ခုစလုံးက အနုပညာရှင်တွေက အရည်အချင်းရှိကြပေမယ့် ပုံစံတွေကွဲပြားကြသလိုပဲ အင်တာတိတ်မန့်အဆောက်အဦးအတွင်းထဲက အပြင်အဆင်တွေကလည်း ကွဲပြားကြပါတယ်။ ဘယ်လိုတွေကွာခြားလဲ ရှုစားကြည့်ရအောင်နော်။

Qztrhyqk6sya5caawbpz

အဆောက်အဦးရဲ့အပြင်ပိုင်းအပြင်အဆင်မှာတင် ကွဲပြားမှုရှိနေပါတယ်။ SM က ခန့်ညားကြီးမားတဲ့ အဆောက်အဦးအသွင်ဆောင်ပြီး YG ကတော့ ဒီဇိုင်းလက်ရာကိုအသားပေးပြီး ခန့်ထည်အောင် ဆောက်ထားတာ တွေ့ရမှာပါ။

X7grcg6tc173wh9kxxlx

SM ရဲ့ရုံးခန်းအတွင်းပိုင်း အပြင်အဆင်ကတော့ အဖြူရောင်ကို အဓိကသုံးထားပြီး အတွင်းဘက်မှာ လင်းထင်းနေအောင် ပြင်ထားပါတယ်။

Ofkl1yeg82fqkz8z7odh

အဖြူရောင်နံရံတွေက ကျယ်ပြန့်ပြီး event အားလုံးအတွက် နေရာအကျယ်ကြီးရှိနေပါတယ်။

Iwnqj2vi2qeiq1xzaiqh

YG ရုံးခန်းတွေမှာတော့ ချစ်စရာကောင်းတဲ့ အနက်ရောင်ကာလာလေးတွေကို ထည့်သုံးထားတာတွေ့ရမှာပါ။

Ztom4hiftkltuzc1cvyh

အတွင်းဘက်မှာလည်း စမတ်ကျတဲ့ အနက်ရောင်တွေကို အဓိကထားပြီး သုံးစွဲထားပါတယ်။

Lowjtwjmbqcggs9fekyw

စတူဒီယိုနဲ့ အကလေ့ကျင့်တဲ့အခန်းတွေကိုလည်း hip hop နဲ့ R&B Mood ကို အဓိကထားပြီး အနက်ဘက်ကို သုံးစွဲထားတာ တွေ့ရပါတယ်။

Xulvt0ianiv46tv30xgs

ရုံးခန်းအတွင်းမှာ ပေါ့ပေါ့ပါးပါး အနားယူလို့ရတဲ့ dark lounge spaces တွေလည်း ရှိပါတယ်။

မြတ်စုငြိမ်း (မိုမိုလေး)
Ref : koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။