လူငယ်ကစားသမားလေးအမ်ဘတ်ပီရဲ့ အကောင်းဆုံးအသင်း

Posted on - Nov 14 []

Thar Lay Htet Aung

စာရေးသူ
Yas2uow90b7wq1ckjznl

ပီအက်စ်ဂျီအသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး အမ်ဘတ်ပီဟာ ယနေ့ခေတ်ဘောလုံးလောကရဲ့ အထွန်းတောက်ဆုံး ကြယ်ပွင့်ကစားသမားလေးဖြစ်ပြီး မကြာသေးခင်ကလဲ ၂၀၁၇ခုနှစ်ရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့သူပါ။ အမ်ဘတ်ပီဟာ သူ့ရဲ့စိတ်ကြိုက် ကစားသမား၁၁ဦးနဲ့ သူ့ရဲ့အကောင်းဆုံးအသင်းကို ဖွဲ့စည်းခဲ့ပါတယ်။

Lva5hzhygngngaa0ejap

သူ့ရဲ့အကောင်းဆုံး အသင်းမှာတော့ ဂိုးသမားနေရာမှာ ဘူဖွန်၊ ညာနောက်ခံလူနေရာမှာ ကာဖူးလ်၊ ဗဟိုနောက်ခံလူတွေအဖြစ် ရာမို့စ်နဲ့မာဒီလ်နီ၊ ဘယ်နောက်ခံလူအဖြစ် ကားလို့စ်၊ ကွင်းလယ်နေရာမှာ ဇီဒန်း၊ ရော်နယ်ဒင်ဟို၊ မက်ဆီတို့ကိုရွေးချယ်ခဲ့ပြီး တိုက်စစ်မှူးတွေအဖြစ်တော့ ရော်နယ်ဒိုကြီး၊ စီရော်နယ်ဒိုနဲ့ နေမာတို့ကို ပါဝင်ခဲ့ပါတယ်။

Km929uiqz2djxpfw5xwi

ကစားသမားတွေ တော်တော်များများဟာ အကောင်းဆုံးအသင်းကို ရွေးချယ်ရာမှာ သူတို့ကိုယ်တိုင် ပါဝင်ခဲ့ကြပေမယ့် အမ်ဘတ်ပီရဲ့ အကောင်းဆုံးအသင်းမှာတော့ သူကိုယ်တိုင် ပါဝင်ခဲ့ခြင်းမရှိပါဘူး။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။