Kim Jong Kook ရဲ့ စိတ်ကူးထဲက ချစ်သူပုံရိပ်

Posted on - Nov 14 []

Myatsu Nyein

စာရေးသူ
Qvg2o251hbb9xgccqa8d

Running Man အဖွဲ့ဝင် တစ်ယောက်လည်းဖြစ်၊ Turbo အဖွဲ့ဝင်လည်းဖြစ်တဲ့ အဆိုတော်၊ ဖျော်ဖြေရေးသမား Kim Jong Kook ဟာ Big Picture အစီအစဉ်မှာ ပါဝင်ခဲ့ပြီး သူ့ရဲ့စိတ်ကူးထဲက ချစ်သူပုံရိပ်ကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

Vnzeq20spzob3epf4fk5

နိုဝင်ဘာ ၁၄ ရက်က ထုတ်လွှင့်ပြသခဲ့တဲ့ အပိုင်းမှာ PD Yeo Woon Hyuk က "လီဂွမ်ဆူကို ဂင်ဂျုံးဂုရဲ့ ချစ်သူအတုနဲ့ မိတ်ဆက်ပေးကြည့်ရအောင်" ဆိုပြီး အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့ Kim Jong Kook က "လီဂွမ်ဆူက ကျွန်တော့်သဘောကျတဲ့ ချစ်သူပုံရိပ်ကို သူသိတယ်။ အတုဆိုတာ လွယ်လွယ်လေးနဲ့ သူသိသွားနိုင်တယ်" လို့ ပြန်ပြောခဲ့ပါတယ်။

Nxyjha7ehoikxmgncsr1

Kim Jong Kook ရဲ့ စိတ်ကူးထဲက ချစ်သူပုံရိပ်ကတော့ လူတွေနဲ့ အလွယ်တကူ ပေါင်းသင်းဆက်ဆံနိုင်တဲ့ ဆက်ဆံရေးကောင်းသူ၊ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်သူနဲ့ ပေါ့ပေါ့ပါးပါး အလွယ်တကူ ဆက်သွယ်ပြောဆိုနိုင်တဲ့သူမျိုးကို သဘောကျပါတယ်။ အရပ်ရှည်တဲ့ မိန်းကလေးထက် အရပ်ပုတဲ့ မိန်းကလေးတွေက သူ့ရဲ့ စိတ်ကူးထဲက ချစ်သူလို့ ဆိုပါတယ်။

Binebwvibmshqvokltyb

ယင်းအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ Ha Ha ကလည်း "တင်ပါးကြီးတဲ့ မိန်းကလေးတစ်ယောက်ပေါ့" လို့ နောက်ပြောင်ကာ ပြောပြပါသေးတယ်။

Qdyecx1ddp3ibvksm9aw

ကုကုလေး ပရိသတ်တွေရေ ကုကုလေးရဲ့ စိတ်ကူးထဲကချစ်သူပုံရိပ်ကို သိကြပြီမလား .... ဘယ်လိုနေလဲ ?

MSN (momolay)
Ref : allkpop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။