ယူနိုက်တက် ကစားသမားတွေ တစ်ဦးမှမပါတဲ့ မော်ရင်ဟိုရဲ့ အကောင်းဆုံးအသင်း

Posted on - Dec 5 []

Thar Lay Htet Aung

စာရေးသူ
Rdzmobmimrqusgqkc4qr

Special One နည်းပြကြီး မော်ရင်ဟိုဟာ နည်းပြဘ၀မှာ ဒိတ်ဒိတ်ကြဲ အသင်းကြီးတွေကို ကိုင်တွယ်ခဲ့ဖူးပြီး ကစားသမား ကောင်းများစွာနဲ့ လက်တွဲခဲ့ဖူးတဲ့ နည်းပြတစ်ယောက်ပါ။ သူကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းတွေထဲက အကောင်းဆုံး ကစားသမား ၁၁ယောက်ကို ရွေးထုတ်ပြီး သူ့စိတ်ကြိုက် အကောင်းဆုံး အသင်းကို ဖွဲ့စည်းခဲ့ပါတယ်။

Ni08bbulxjlj7s5bdoya

သူ့ရဲ့ အကောင်းဆုံး အသင်းကို ၄-၅-၁ ကစားကွက်နဲ့ ရွေးချယ်သွားခဲ့ပြီး ဂိုးသမား နေရာမှာ ပီတာချက်၊ ညာနောက်ခံလူ နေရာမှာ ဇနက်တီ၊ ဗဟိုခံစစ် အတွဲအဖြစ် ဂျွန်တယ်ရီနဲ့ ကာဗယ်ဟို၊ ဘယ်နောက်ခံလူ နေရာမှာ ဂါးလက်စ်တို့ကို ရွေးချယ်သွားခဲ့ပါတယ်။ ဒ့ါပြင် ကွင်းလယ်မှာ မက်ခီလီလီနဲ့ လမ်းပတ်၊ ညာတောင်ပံ တိုက်စစ်မှာ ရော်နယ်ဒို၊ ဘယ်တောင်ပံ တိုက်စစ်မှာ ဟာဇက်ကို ရွေးချယ်သွားခဲ့ပြီး အထောင်တိုက်စစ် နေရာမှာ ဒရော့ဘာ၊ နောက်ချန် တိုက်စစ်မှူးအဖြစ် အိုဇေးလ်ကို ရွေးချယ်သွားခဲ့ပါတယ်။

Plzm3esh7rkcl1ipbige

လက်ရှိအချိန်မှာ မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်နေပေမယ့် သူ့ရဲ့အကောင်းဆုံး အသင်းမှာ ယူနိုက်တက် ကစားသမားတွေ တစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့် မော်ရင်ဟိုဟာ သူကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းတွေထဲက ကစားသမားတွေကို ရွေးချယ်ခဲ့တာဖြစ်လို့ လက်ရှိယူနိုက်တက် အသင်းက ကစားသမားတွေ မပါဝင်လာခဲ့တာပါ။

Jose Mourinho's Dream Team [ All Best Time XI ]

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။