ပွဲပယ်ခံလိုက်ရတဲ့ ရီးရဲအသင်းရဲ့ အဓိက,ကစားသမား၃ဦး

Posted on - Dec 7 []

Thar Lay Htet Aung

စာရေးသူ
L4qceierjbbvda3ijzqr

ရီးရဲမက်ဒရစ် အသင်းရဲ့ First Line Up က အဓိက ကစားသမား တွေဖြစ်တဲ့ အသင်းခေါင်းဆောင် ရာမို့စ်၊ ညာနောက်ခံလူ ကာဗာဂျယ်၊ ကွင်းလယ်လူ ကာစီမီယိုတို့ဟာ အယူခံပယ်ချ ခံလိုက်ရတာကြောင့် ပွဲပယ်ပြစ်ဒဏ် ကျခံရတော့မှာ ဖြစ်ပါတယ်။

Kslw4nmceraemyobz9aj

ပြီးခဲ့တဲ့ တစ်ပတ်က ဘီဘာအိုအသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်၁၄မှာ ရာမို့စ်ဟာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ကာဗာဂျယ်နဲ့ ကာစီမီယိုတို့မှာလဲ အ၀ါကတ် ပြသခံခဲ့ရပါတယ်။ ကာဗာဂျယ်နဲ့ ကာစီမီယိုတို့ဟာ အဆိုပါ အ၀ါကတ် အပါအ၀င် ဒီရာသီ လာလီဂါမှာ အ၀ါကတ် ၅ကတ်ပြည့်မြောက် ခဲ့ပြီဖြစ်လို့ တစ်ပွဲပယ် ပြစ်ဒဏ် ကျခံရမှာပါ။

Ghy7vzsoramz3fidsar0

ဒါကိုရီးရဲမက်ဒရစ် အသင်းက အဆိုပါ ကစားသမား ၃ဦးအတွက် အယူခံဝင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာကြောင့် သူတို့၃ဦးဟာ လာမယ့်တစ်ပတ်မှာ ဆီဗီလာအသင်းနဲ့ ကစားရမယ့် လာလီဂါ ပွဲစဉ်၁၅ကို လွဲချော်သွားတော့မှာ ဖြစ်ပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။