ချန်ပီယံလိဂ်သမိုင်းမှာ ဘယ်သူမှမရသေးတဲ့ စံချိန်တစ်ခုကို ရရှိသွားတဲ့ရော်နယ်ဒို

Posted on - Dec 7 []

Thar Lay Htet Aung

စာရေးသူ
Rxsh5ltoibytryibcxid

ရီးရဲတိုက်စစ်မှူး ရော်နယ်ဒိုဟာ ယနေ့နံနက်ပိုင်းက ကစားခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ ပွဲစဉ်မှာ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းမှာ ဘယ်ကစားသမားမှ မရရှိသေးတဲ့ စံချိန်တစ်ခုကို ရရှိသွားခဲ့ပါတယ်။ ဒီစံချိန်ကတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၆ပွဲလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။

Ur4zbes1yqfu86esznjt

ရော်နယ်ဒိုဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၆ပွဲလုံးမှာ စပါး၊ ဒေါ့မွန်၊ အေပိုလ်းတို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်၂ကျော့လုံး သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ဒီရာသီ ချန်ပီယံလိဂ် အုပ်စုတွင်း သွင်းဂိုးဟာလဲ ၉ဂိုးအထိ ရှိလာခဲ့ပါတယ်။ သူ့လိုပဲ စံချိန်တင်ဖို့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာက အရင်နီးစပ်ခဲ့ပေမယ့် မနေ့နံနက်ပိုင်းက ကစားခဲ့တဲ့ ဘိုင်ယန်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့လို့ ဒီစံချိန်နဲ့ လွဲချော်သွားခဲ့တာပါ။

Hybwqathejgfopruwdjr

ရော်နယ်ဒိုဟာ လာလီဂါမှာ ရုန်းကန်နေရပေမယ့် ချန်ပီယံလိဂ်မှာတော့ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး အခုဆိုရင် ဘယ်ကစားသမားမှ မရရှိဖူးသေးတဲ့ စံချိန်တစ်ခုကိုပါ ရရှိသွားခဲ့ပါပြီ။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။