အလွန်အကြူးပျော်မြူးနေကြတဲ့ ဘရစ်တနီတို့ စုံတွဲ

Posted on - Dec 7 []

Myat Thura Aung

စာရေးသူ
Mggdid7dmscxp4ql8cgd

Pop Princess ဘရစ်တနီစပီးယားစ်နဲ့ သူမချစ်သူ ဆမ် အက်ဂရီ တို့ဟာ ပျော်ရွှင်မှုတွေဖန်တီးဖို့သက်သက် မွေးဖွားလာကြသလိုပါပဲ။ ကမ္ဘာကျော်အဆိုတော်နဲ့  Fitness မော်ဒယ်လ်တစ်ယောက် ရဲ့ ချစ်ဇာတ်လမ်းလေးဟာ (၂၀၁၆) တုန်းက ဘရစ်တနီရဲ့ Slumber Party Music Video ရိုက်ကူးအပြီးမှာ စတင်လာခဲ့တာဖြစ်ပါတယ်။

Tvxr4bl93borzzltzbge

ပြီးခဲ့တဲ့နှစ်က New Year နေ့ကထိ သူတို့ (၂) ယောက်တွဲ ပုံတစ်ပုံကို အင်စတာဂရမ်မှာ တင်လိုက်သေးပေမဲ့ သူတို့တွဲနေတယ်ဆိုတာ Confirm မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ အဲ့နောက်ပိုင်းမှာတော့ သူတို့အတွဲရဲ့ ချစ်တတ်ကြပုံတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ကြွားဖို့အတွက် မရှက်တတ်ကြတော့ပါဘူး။ ဖက်ရှင်ရှိုးပွဲတွေ ၊ ကစားပွဲတွေမှာ (၂)ယောက်တွဲ ကြည်နူးနေတဲ့ပုံရိပ်တွေဟာ ပရိသတ်တွေကြား ပျံ့ နှံ့ လို့လာခဲ့ပါတယ်။

Zcdbadvta0p3auotdqxw

ပြီးခဲ့တဲ့ ဘရစ်တနီရဲ့ မွေးနေ့ တုန်းက အင်စတာဂရမ်မှာ ဘရစ်တနီတင်ခဲ့တဲ့ ဗွီဒီယိုဖိုင်တစ်ခုကြောင့် သူတို့(၂)ယောက် စေ့စပ်လိုက်ပြီဆိုတဲ့ ကောလဟာလတွေ ပျံ့ နှံ့ လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ဘရစ်တနီရဲ့ (၃၆) နှစ်ပြည့် ဗွီဒီယိုထဲမှာ ဘရစ်တနီရဲ့ ဘယ်ဘက်လက်မှာဝတ်ထားတဲ့ စိန်လက်စွပ်ကြောင့်ပါ။ ဘရစ်တနီနဲ့ ဆမ်တို့က အခုထိ Confirm မလုပ်သေးပေမဲ့ အချိန်ကတော့ ပြောပြပေးသွားမှာပါ။

Ref : Popsugar
Myat Thu ( Momolay )

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။