ရုပ်ရှင်ထုတ်လုပ်သူ Greg Berlanti နဲ့ ဘောလုံးသမား Robbie Rogers တို့ နှစ်ယောက် လက်ထပ်

Posted on - Dec 7 []

Mg Aung Kaung Zan

စာရေးသူ
Lkkk8tc7pet98zeafpuk

ဂုဏ်ယူပါတယ် Berlanti နဲ့ Rogers။ Arrow ရုပ်ရှင် ထုတ်လုပ်သူ Greg Berlanti နဲ့ L.A. Galaxy အသင်းရဲ့ ကစားသမားဟောင်း Robbie Rogers တို့ နှစ်ယောက် Dec 2 ရက်နေ့က Malibu မှာ လက်ထပ်ခဲ့ပါတယ်။ Rogers က သူတို့နှစ်ယောက်ရဲ့ သာယာ ကြည်နူးဖွယ် လက်ထပ်တဲ့ ပုံလေးကို အင်စတာဂရမ်ကနေ တင်ခဲ့ပါတယ်။ ပုံထဲမှာ သူနဲ့ Berlanti တို့နှစ်ယောက်ရဲ့ သားလေး Caleb ပါ ပါပါတယ်။

Saqd8ve0mdizcctvmnri

"မျက်ရည်ဝဲရလောက်အောင်ကို သိပ်လှတဲ့ရက်လေးတစ်ရက်ကို မမေ့နိုင်ပါဘူး။ ကိုယ်မက်ခဲ့တဲ့ စိတ်ကူးတွေထက်ကို ပိုလှခဲ့တယ်လေ။ ကိုယ်ချစ်တဲ့ ယောကျာင်္းတစ်ယောက်ကို ကိုယ်ချစ်ရတဲ့ သူတွေရဲ့ ရှေ့မှာ လက်ထပ်ဖို့ဆိုတဲ့ ဖြစ်ရပ်ဟာ လက်တွေ့ ဖြစ်လိမ့်မယ်လို့ ကြီးပြင်းလာတဲ့ တစ်လျှောက်လုံး မတွေးရဲတဲ့ အရာပါ။ ဒီလိုရက်လေးကို ဖြစ်ပေးအောင် လုပ်ပေးတဲ့ သူတိုင်းကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဓါတ်ပုံ လှလှလေး ရိုက်ပေးတဲ့ hanaasano ကိုလည်း ကျေးဇူးတင်ပါတယ်။ Caleb လေး ကင်မရာကို ပြုံးပြီးကြည့်နေတာဟာ အရမ်းကို အသက်ဝင်တယ်လေ" လို့ ပုံမှာရေးတင်ခဲ့ပါတယ်။

Mlt52icibtnd3xxuoqqg

Berlanti ဟာ ဒီဇိုင်နာ Ermenegildo Zegna ရဲ့ နေဗီပြာ Dress နဲ့ အရမ်းကို ကျစ်လစ်သွက်လက်နေပြီးတော့ Rogers ဟာလည်း အဖြူရောင် ကုတ်အကျီ င်္ရှည်နဲ့ နေဗီပြာ ဘောင်းဘီကို ဝတ်ပြီး အရမ်းကို လန်းနေပါတယ်။ Berlanti နဲ့ Rogers တို့နှစ်ယောက်က 2013 ခုနှစ်တည်းက တွဲနေကြတဲ့သူတွေဖြစ်ပြီး 2016 December မှာ စေ့စပ်ခဲ့တာပါ။ Berlanti နဲ့ Rogers တို့နှစ်ယောက်က သားလေး Caleb Gene Berlanti ကို အငှားကိုယ်ဝန်နဲ့ မွေးဖွားခဲ့ပြီး 2016 February မှာ welcome လုပ်ခဲ့တာပါ။

Dfv3ukzuakk008htxvtf

Rogers က Berlanti နဲ့ Caleb တို့ နှစ်ယောက်သား ပြုံးပျော်နေတဲ့ပုံလေးကို အရင်အပတ်က သူ့အင်စတာဂရမ်က တင်ခဲ့ပြီး "အကောင်းဆုံးရက် အတွက် ပြင်ဆင်နေခြင်း ❤️" လို့ ရေးတင်ခဲ့ပါတယ်။

Z5ozyl8yjn7hzwlesdxv

Berlanti ကလည်း သူတို့ လက်ထပ်ပွဲနေ့ မတိုင်ခင် မိသားစု ပုံလေးကို "ဘဝမှာ အသေချာဆုံး နဲ့ ကိုယ့်ကို ပျော်ရွှင်စေနိုင်တဲ့ ဆုံးဖြတ်ချက် အကြီးကြီး နှစ်ခုလုပ်ခဲ့တယ်။ တစ်ခုဟာ အဖေတစ်ယောက် ဖြစ်လာခြင်း နဲ့ နောက်တစ်ခုက ဒီယောကျာင်္းနဲ့ အတူနေရခြင်း" လို့ ရေးပြီး အင်စတာဂရမ်အကောင့်ကနေ တင်ခဲ့ပါတယ်။

Ref : ET Online
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။