ဘေဘီမောင်က မြန်မာမလေးဆိုတော့ မြန်မာဝတ်စုံတွေနဲ့လှတာပေါ့

Posted on - Dec 7 []

A War Yaung

စာရေးသူ
Ciuhrczlhwppstqofurb

အရင်ကတော့ ပေါ်ပေါ်လော်လော်တွေ ၀တ်မှ ရိုက်ပြမှ ပရိသတ်တွေက ကြိုက်တယ် ထင်ခဲ့ကြတယ်။ မြန်မာ ၀တ်စုံလေးတွေနဲ့ တစ်ခေတ်ပြန်ဆန်းကြပြန်တော့လဲ ပရိသတ်တွေက ချစ်တာပါပဲ ဆိုတာ သက်သေပြလာတဲ့သူလေးက ဘေဘီမောင်ပါ။ Sexy မော်ဒယ်တစ်ယောက်အနေနဲ့ ပေါ်ပေါ်လော်လော်တွေ ရိုက်ပြခဲ့ပေမယ့် အခုချိန်မှာ Sexyဆန်ဆန်ရိုက်ရင်တောင် အရမ်းပေါ်တာမျိုးတွေ မ၀တ်ဖြစ်တော့ပါဘူးတဲ့လေ။ မြန်မာဝတ်စုံလေးတွေကို ၀တ်ရတာ သဘောကျပြီးကြိုက်ပါတယ်တဲ့။

Vgyqz6xjc5k5wbolit0w

စကားပြောရင်လဲ ပွင့်ပွင့် လင်းလင်းနဲ့ပြောတတ်တဲ့ သူမက သူမငယ်ငယ်က သရက်သီးတွေ ခူးပြီးရောင်းခဲ့ရတဲ့ အကြောင်းတွေကိုလဲ ပြောပြခဲ့တာပါပဲ။ အခုဆိုရင်တော့ သူမက အနုပညာအလုပ်တွေအပြင် ဖက်ရှင်ဆိုင်လေးလဲ ဖွင့်ထားပါပြီ။ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် ဆိုတာကိုလဲ သူမကို ကြည့်ရင် သိနိုင်တာပါပဲ။

Mml83jlzybozbdgzmnjt

အနီရောင်လေးနဲ့လဲ လှနေတာပဲလေ။ မြန်မာဝတ်စုံလေးတွေက မြန်မာမိန်းကလေးတိုင်းနဲ့ လှတယ်ဆိုတာယုံ။

I0g7c7iaipspgesrr7lg

ဒါလေးက ခပ်စိမ်းစိမ်းပဲ နေနေတဲ့ မမစိမ်း။

O1shchpa0iewlyqwnhhf

မျက်ပြေ(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။