အိမ်ထောင်ပြုဖို့မပြောနဲ့ ရည်းစားတောင် မရှိသေးတဲ့ ရွှေသမီး

Posted on - Dec 27 []

A War Yaung

စာရေးသူ
U8zjlogxwodvqyovxkrv

အနုပညာပျိုးခင်းကနေ အနုပညာလောကထဲကို ရောက်လာခဲ့တဲ့မင်းသမီးလေး ရွှေသမီးက အနေအေးအေးနဲ့ ချစ်စရာကောင်းသူလေးပါ။ အနုပညာ အလုပ်တွေကိုလဲ အဆက်မပြတ် လုပ်ကိုင်နေသူလေးပါပဲ။ လူတိုင်း စိတ်ဝင်တစား ရှိလှတဲ့ သူမရဲ့ အချစ်ရေးကတော့ တစ်ယောက်ထဲ အေးအေးဆေးဆေးပဲ ဖြစ်ပြီး အချစ်ရေးဆိုတာကြီးက အဝေးကြီးမျာလို့ သိရပါတယ်။

Upzurrazwwbq1r7g2zxr

အခုမှ အသက်ကလဲ ၂၂နှစ်ပဲ ရှိသေးတယ်။ ရည်းစားလဲ မရှိဘူး အိမ်ထောင်ပြုဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်။ အဲဒီအကြောင်းတွေလဲ အခုထိမစဉ်းစားရသေးပါဘူး။ ပရိတ်သတ်ကြီးကို ပြောချင်တာကတော့ အိမ်ထောင်မပြုသေးပါဘူး။ အဝေးကြီး အဝေးကြီး လိုပါသေးတယ်။ အခုအချိန်မှာ အနုပညာနဲ့ပတ်သတ်လို့ အလုပ်တွေအများကြီး လုပ်ရပါဦးမယ်။

Yjxasp9lc6y26elsz1h6

အချစ်ရေးကိစ္စကို မစဉ်းစားသေးတာပါ။ လက်ရှိကတော့ ရုပ်ရှင်ကားကြီးတွေကော ဗီဒီယိုကားလေးတွေပါ မျှပြီးရိုက်ဖြစ်နေပါတယ်။ ရိုက်ကွင်းအများစုက နယ်ထွက်ရိုက်နေတာဆိုတော့ နယ်ဘက်တွေတော့ အစုံရောက်ဖြစ်တယ်။ လတ်တလောကတော့ သရဲ ဟာသကားလေးဖြစ်တဲ့ ဂယ်ပဲ သရဲနဲ့သူငယ်ရွာ ရုပ်ရှင်ကားကြီး ကိုထွန်းထွန်း၊ ကိုရဲလေး၊ ကိုခင်လှိုင်၊ ကိုဂျိုကာတို့နဲ့ ရိုက်ထားတာလေး ရုံတင်ဖို့ရှိပါတယ်။

Wjwmae4animhk91g3guz

Siu5ukgcrfzky5p4bcwo

မျက်ပြေ(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။