ဆောင်းဦးလှိုင်ရဲ့ အများသိစေရန် ကြော်ငြာစာ

Posted on - Jan 6 []

A War Yaung

စာရေးသူ


တေးရေးတေးဆို ဆရာဝန် ဆောင်းဦးလှိုင်ကတော့ သီချင်းကောင်းကောင်းလေးတွေ ဖန်တီးတတ်တာကြောင့် ပရိသတ်တွေ အမြဲ အားပေးနေတဲ့ သူပ်ပဲ။ သူကတော့ နိုင်ငံရပ်ခြားမျာ နေထိုင်လျက်ရှိပြီး သူရဲ့ သီချင်းတွေနဲ့ ပတ်သတ်လို့ ခွင့်ပြုချက် မတောင်းပဲ အသုံးပြုနေကြသူတွေကို သိစေဖို့ရန်အတွက်  စာလေးတစ်စောင် ရေးလိုက်ပါတော့တယ်။

" အသုံးပြုနေကြသူအားလုံးသို့ "


ကျွန်တော်ရေးသားသောတေးသီချင်းများကို
တေးဂီတဖြေဖျော်ပွဲများတွင်သီဆိုအသုံးပြုနေသည့်
တေးသံရှင်များအားလုံးကို အသိပေးပါသည်။
မည်သည့်နည်းလမ်းဖြင့်အသုံးပြုသည်ဖြစ်စေ
ကျွန်တော့်ကိုကြိုတင်အကြောင်းကြားရပါမည်။
ကြိုတင်အကြောင်းမကြားဘဲ လိုသလိုအသုံးပြု
ခဲ့ကြသည်မှာလည်းနှစ်ပေါင်းမနည်းလှပြီဖြစ်
သောကြောင့် ယနေ့မှစ၍ ကြိုတင်ခွင့်ပြုချက်ယူကြ
ပါရန်။ ခွင့်ပြုချက်မယူပါက လုံးဝအသုံးမပြုကြပါရန်
အသိပေးအကြောင်းကြားပါသည်။

တေးရေး/ ဆောင်းဦးလှိုင်
၆.၁.၂၀၁၈


(Share ပေးကြပါဦး သူငယ်ချင်းမိတ်ဆွေတို့)

သီချင်းတွေကို ခွင့်ပြုချက်မယူကြပဲ အသုံးပြုကြသူတွေကြောင့် မူရင်း အဆိုရှင်နဲ့ တေးရေးဆရာတွေအနေနဲ့ ထိခိုက်မှုတွေ ရှိကြတဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်နေကြတဲ့ အတွက် ဆောင်းဦးလှိုင်က အခုလို ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းအသစ်တွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက်လဲ သီချင်းသစ်တွေ လုပ်နေပါတယ်တဲ့။

မျက်ပြေ(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။