ရဲတိုက် ကို ကျီစယ်လိုက်တဲ့ ဖွေးစိန်

Posted on - Jan 11 []

Kay Ko Ko

စာရေးသူ

သရုပ်ဆောင် ရဲတိုက်နဲ့ အကယ်ဒမီသရုပ်ဆောင် ဖွေးဖွေး တို့ကို Bella မှ တိုက်ရိုက်တွေ့ဆုံအင်တာဗျူးတဲ့ အစီအစဉ်လေးတစ်ခုကို မနေ့ကပြုလုပ်ပေးခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်မှာ ချစ်စရာကောင်းတဲ့ ဖွေးဖွေးနဲ့ ရဲတိုက်တို့ရဲ့ချစ်စရာကောင်းတဲ့ ဖြေဆိုပုံလေးတွေကို ပရိသတ်ကြီးကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ ဖွေးနဲ့ ရဲတိုက်တို့ဟာ တစ်ချို့မေးခွန်းတွေမှာ အကြိုက်ခြင်းတွေတူကြသလို တစ်ချို့မေးခွန်းတွေမှာတော့ ဆန့်ကျင်ဘက်တွေဖြစ်နေကြပါတယ်။ ဖွေးဖွေးကတော့ သူ့ရဲ့ ပေါ့ပါးတဲ့ ပုံစံလေးအတိုင်း ရဲတိုက် ကိုကျည်စယ်တဲ့စကားလေး တစ်ခုလောက်ပြောထားပါသေးတယ်။

သူတို့နှစ်ယောက်ရဲ့ အကြိုက်ခြင်းတူတဲ့ အရာလေးက အရောင်၊ကာလာတွေကို သတ်သတ်မှတ်မှတ် အစွဲထားပြီး မကြိုက်တက်ဘဲ အရောင်မျိုးစုံကို ကြိုက်တက် ကြပါတယ်တဲ့။ မတူတဲ့ အချက်ကတော့ ဖွေးဖွေးက အစားအသောက်ကို ခုံမင်တက်သူ ဖြစ်ပြီး ရဲတိုက်ကတော့ အစားမမက်ပါဘူး ဆိုပြီးဖြေဆိုခဲ့ကြပါတယ်။အဲံဒီနောက် ဖွေးဖွေး တစ်ယောက် ရဲတိုက်ကို ခုလိုလေး ကျီစယ်လိုက်ပါတော့တယ်။ အိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့ ကိစ္စမှာတော့ ရဲတိုက်တစ်ယောက် အိမ်ထောင်မကျခင် ထောင်ကျသွားတယ်ဆိုကာ ဖွေးစိန်လေးက ကျီစယ်လိုက်တာပါ။

ရဲတိုက် နဲ့ ဖွေးဖွေး တို့ ရဲ့ Live

သူတို့နှစ်ယောက်ဟာ အရမ်းကို လိုက်ဖက်ညီတဲ့ အနုပညာမောင်နှမတွေဖြစ်ကြသလို ကြော်ငြာတွေ၇ိုက်ကူးရာမှာလဲ သူမတူတဲ့ ဖက်ရှင်မျိုးတွေနဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ သူတွေပါ။ အခုရော သူတို့နှစ်ယောက် အနုပညာအလုပ်တွေ အတူတူဆက် လုပ်ကြဦးမှာလားဆိုတာကတော့ ပရိသတ်တွေစောင့်ကြည့်ကြပေါ့နော်။ ဖွေးစိန်ရဲ့ fanတွေရော၊ ရဲတိုက်ရဲ့ တွေပါ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ Live လေးကိုမျှဝေပေးလိုက်ကြရအောင်နော်။ ချစ်တဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

KKK(momolay)
Source - Yedeight fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။