ဖွေးဖွေးကိုချစ်စဖွယ်မြင်တွေ့ရမယ့် "ကြာတော့သည်လည်း မောင့်စကား"

Posted on - Jan 17 []

Myint Myat

စာရေးသူ

စာရေးဆရာမဂျူးရဲ့ ဝတ္ထုကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ "ကြာတော့သည်လည်း မောင့်စကား" ဝတ္ထုကို ဒါရိုက်တာ မီးပွားက စိုင်းစိုင်း၊ ထွန်းထွန်း၊ ဖွေးဖွေးတို့နဲ့ ခံစားပုံဖော်ရိုက်ကူးသွားမှာပဲဖြစ်ပါတယ်။ဇာတ်ကားအတွက် လိုအပ်တာတွေကိုပြင်ဆင်နေတဲ့ ဖွေးစိန်လေးကိုတော့ ဒီဇာတ်ကားမှာ ဆံပင်တိုလေးနဲ့ ချစ်စဖွယ်တွေ့မြင်ရမှာပါ။ကလေးလေးတစ်ယောက်လိုချစ်စရာကောင်းတဲ့ ဖွေးရဲ့ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုပုံရိပ်လေးတွေကို မိုမိုလေးချစ်ပရိသတ်ကြီးတွေအတွက် ပြန်လည်ဖော်ပြပေးလိုက်တယ်နော်။

ဖွေးဖွေးကတော့ သူမရဲ့သရုပ်ဆောာင်ပါရမီကြောင့်သာမက၊ ဇာတ်လမ်းတိုင်းကို အသေးစိတ်ကအစ အကောင်းဆုံးဂရုစိုက်ပြင်ဆင်တတ်တာတွေကြောင့်ပါ သူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတိုင်းက အသက်ဝင်ပီပြင်ပြီးအောင်မြင်မှုတွေရရှိခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်လမ်းတော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေတာကြောင့် ဖွေးဖွေးကိုချစ်ကြတဲ့ ပရိသတ်တွေလည်း သူမကိုဆက်တိုက်တွေ့မြင်ရဦးမှာပဲဖြစ်ပါတယ်။

"ကြာတော့သည်လည်း မောင့်စကား" ဇာတ်ကားမှာတော့ တင်တင်ဇော်နေရာမှ ဖွေးစိန်လေးကိုချစ်စဖွယ်မြင်တွေ့ရမှာမို့ သူမကိုချစ်တဲ့ပရိသတ်တွေကတော့ သည်းသည်းလှုပ်အချစ်ပိုကြမှာအမှန်ပါပဲ။ စိုင်းစိုင်း၊ ထွန်းထွန်းနဲ့ ဖွေးဖွေးတို့ရဲ့ အလန်းစားသရုပ်ဆောင်ချက်တွေကို ဒီဇတ်ကားမှာ စောင့်မျှော်ကြည့်ရှုအားပေးကြရအောင်လားနော်။ဖတ်ရှုခဲ့ကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးလည်း ပျော်ရွှင်အေးချမ်းသော နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

Myint Myat
Source:Forever Phway's Fans

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။