တော်ဝင်စိန်တိုက်အတွက် ရိုက်ကူးထားတဲ့ စူးရှနိုင်ရဲ့မှော်ဆန်ဆန်အလှ

Posted on - Jan 17 []

Myint Myat

စာရေးသူ

အသက် ၁၄နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေစလုပ်ခဲ့တဲ့၊ သူမရဲ့ချစ်ပရိသတ်တွေက ရှာရှာလို့ချစ်စနိုးခေါ်ကြတဲ့ စူးရှနိုင် (ခေါ်) ပတ်ထရစ်ရှာကတော့ သာမန်ထက်ထူးကဲကျက်သရေရှိတဲ့အလှကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ "မကြွေပါနဲ့ ဆာကူရာ"ဇာတ်ကားကတော့ သူမကိုပရိသတ်စသိခဲ့တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။စူးရှနိုင်က လက်ရှိမှာတော့ ဖေ့စ်ဘုတ်အကောင့် ကိုအသုံးမပြုတော့ပဲ အနုပညာလှုပ်ရှားမှုတွေကို သူမရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျမှာသာ တင်ပေးလေ့ရှိတော့တာပဲဖြစ်ပါတယ်။သူမရဲ မြင်သူငေးမောရလောက်တဲ့ထိ လှပလွန်းတဲ့ ပုံရိပ်လေးတွေကို မိုမိုလေးချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ဇာတ်လမ်းတိုင်းကိုအကောင်းဆုံးကြိုးစားသူတစ်ဦးဖြစ်တဲ့သူမကတော့ ကျရာဇာတ်ရုပ်ကိုပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာကြောင့်လဲ ပရိသတ်တွေကချစ်ကြတာပါ။လက်ရှိသူမရဲ့အချစ်ရေးကတော့ အရမ်းချစ်တတ်တဲ့ချစ်သူကိုပိုင်ဆိုင်ထားပြီး တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးလေး ဖြတ်သန်းနေတာပါ။

လက်ရှိမှာအနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဖြစ်နေတဲ့ မော်ဒယ်မင်းသမီးချောလေး စူးရှနိုင်ကတော့ သုဒြာရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမဦးဆုံးဇာတ်ကားဖြစ်တဲ့ “Reflection-ရောင်ပြန်" ဇာတ်ကားမှာလည်း 'အရိပ်'အဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ခမ်းနားမှုတွေ ထုံမွမ်းထားတဲ့အလှနဲ့ စူးရှနိုင်ကတော့ တကယ့်ကိုလှရက်နိုင်လွန်းသူလေးပါ။မိုမိုလေးချစ်ပရိသတ်ကြီးလည်း ရှာရှာ့ကိုချစ်ရင် LIKE &SHARE သွားကြပါဦးနော်။

Myint Myat
Source:Patricia (Sue Sha Naing)'s FB Page

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။