မွေးနေ့မှာ ရခဲ့တဲ့လက်ဆောင်တွေအတွက် ကျေးဇူးတင်နေတဲ့ ထွန်းကိုကို

Posted on - Jan 18 []

Myint Myat

စာရေးသူ

ဇန်နဝါရီလ ၁၆ရက်နေ့မှာကျရောက်ခဲ့တဲ့ မော်ဒယ်သရုပ်ဆောင်ထွန်းကိုကိုရဲ့မွေးနေ့မှာတော့ သူ့ရဲ့မိသားစုလိုချစ်ရတဲ့ပရိသတ်တွေက မွေးနေ့surpriseလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ကဗျာလေးတွေ၊ လက်ဆောင်လေးတွေ နဲ့ surprise လုပ်ခဲ့ကြတဲ့ ပရိသတ်တွေရဲ့ချစ်စရာစိတ်ကူးလေးတွေကြောင့် ထွန်းကိုကိုတစ်ယောက်ကတော့ အပျော်ကြီးပျော်ခဲ့ရတဲ့ နေ့လေးတစ်နေ့ဖြစ်ခဲ့တာပါ။ချစ်စရာလက်ဆောင်လေးတွေနဲ့ ပျော်နေတဲ့ထွန်းကိုကိုရဲ့ပုံရိပ်လေးတွေကိုတော့
မိုမိုလေးချစ်ပရိသတ်ကြီးတွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ထွန်းကိုကိုကတော့ လက်ဆောင်တွေအများကြီးရတဲ့အကြာင်းနဲ့ ကျေးဇူးတင်တဲ့အကြောင်းတွေကိုတော့ သူ့ရဲ့ဖေ့စ်ဘုတ်မှ "မွေးနေ့လက်ဆောင်လေးတွေ အများကြီးရတယ်😁
ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ 🙏🏻🙏🏻" လို့ဆိုထားပြီး ပရိသတ်တွေအတွက် မွေးနေ့အမှတ်တရပုံလေးတွေကို ဝေမျှပေးခဲ့တာပါ။

ထွန်းကိုကိုဟာဆိုရင်တော့၂၀၁၃ခုနှစ်မှာ Mr .face of Myanmarနဲ့ Mr. Asia new star model award ဆုတို့ကိုရရှိခဲ့ပြီး လက်ရှိမှာတော့ 'ဗိုလ်နေတိုး' ရုပ်ရှင်ဇတ်ကားမှာ နေတိုး၊ သက်မွန်မြင့်တို့နဲ့အတူ တွဲဖက်သရုပ်ဆောင်နေတာပဲဖြစ်ပါတယ်။မိုမိုလေးချစ်ပရိသတ်ကြီးလဲ မကြာသေးခင်ကမှ ကျရောက်ပြီးခဲ့တဲ့ ထွန်းကိုကိုရဲ့မွေးနေ့မှစပြီး နှစ်တစ်ရာတိုင်အောင်ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်လားနော်။

Myint Myat
Source; Tun Ko Ko's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။