မန္တလေးမှာနန်းဆန်နေတဲ့ မင်းသမီးလေးရွှေပိုးအိမ်

Posted on - Jan 19 []

Myint Myat

စာရေးသူ

ကျရာဇတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးရွှေပိုးအိမ်ကတော့ မန္တလေးမြို့မှာ နန်းဆန်စွာလှနေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ဖေ့စ်ဘုတ်မှချစ်ပရိသတ်ကြီးအတွက် ဝေမျှပေးထားတာပါ။မန္တလာမြေမှာ ပျော်နေတဲ့ ချစ်စရာပါးဖောင်းဖောင်းလေးနဲ့သူမကတော့ ဝေဖန်မှုတွေများစွာခံနေရတာကြောင့် ခရီးတွေသွားပြီး စိတ်အနားပေးထားတာဖြစ်ပြီး တလောကမှ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်ကြိုးစားပြီးတော့လုပ်နေပြီဖြစ်ပါတယ်။
ပန်းရောင်လေးနဲ့လိုက်ဖက်လွန်းစွာလှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို မိုမိုလေးချစ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ဘယ်လိုပဲဝေဖန်မှုတွေကြုံနေရပါစေ အပြုံးမပျက်ပဲ အနုပညာကိုရူးသွပ်တဲ့စိတ်နဲ့ပဲ အကောင်းဆုံးကြိုးစားနေတဲ့ ခိုင်မာလွန်းတဲ့သူမရဲ့စိတ်ဓါတ်ကတော့ တကယ့်ကိုချီးကျုးစရာပါပဲနော်။ သူမဘယ်လိုပဲဖြစ်ဖြစ်ချစ်ကြတဲ့ပရိသတ်တွေကတော့ ချစ်မြဲချစ်ဆဲပါပဲ။
မိသားစုရဲ့အားပေးမှုတွေနဲ့အတူ ပရိသတ်တွေရဲ့ချစ်ခင်မှုတွေနဲ့ ဆက်လျှောက်လှမ်းမယ့် သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို စောင့်မျှော်အားပေးကြည့်ရှုကြရအောင်လားနော်။

မင်းသမီးချောလေးရွှေပိုးအိမ်ကတော့ အခုလက်ရှိ 'တောပေါက်မြို့ပေါက်'ရုပ်ရှင်ဇာတ်ကားကြီးမှာ အရူးမလေးတစ်ယောက်နေရာမှပါဝင်သရုပ်ဆောင်ထားပါတယ်။သရုပ်ဆောင်ရရင်ကိုပျော်နေတဲ့ သူမကတော့ ရိုက်ကွင်းမှာ အရမ်းကိုပျော်လို့နေတာပါ။ရွှေပိုးအိမ်ကိုချစ်တဲ့ မိုမိုလေးချစ်ပရိသတ်ကြီးလဲ LIKE & SHARE လုပ်သွားကြပါဦးနော်။

Myint Myat

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။