နန္ဒီဏီကလေးမွေးတဲ့အခါ နန္ဒမင်းသရုပ်ဆောင်မင်းသားရဲ့ သားအရင်းနဲ့ရိုက်ကူးခဲ့တယ်

Posted on - Jan 20 []

Harry Mon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ အခုထုတ်လွှင့်ပေးဆဲဖြစ်တဲ့ အသောက၏ဘိုးတော်ဘုရားမင်ကြီးစန္ဒြနှင့် ပါရမီရှင်မိဖုရား ဇာတ်လမ်းတွဲထဲမှာ မင်းကြီးနန္ဒအဖြစ်သရုပ်ဆောင်တဲ့ မင်းသား Arpit Ranka ရဲ့ တစ်လခွဲသာရှိသေးတဲ့ သားလေးကို ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။ သူ့ရဲ့ကလေးကိုတော့ ဇာတ်လမ်းထဲက သူ့ရဲ့သမီးတော် နန္ဒီဏီမင်းသမီးကမွေးဖွားတဲ့ ကလေးလေးနေရာမှာ သရုပ်ဆောင်စေခဲ့တာပါ။

သူကတော့ ဇာတ်လမ်းတွဲထဲမှာ သူ့ရဲ့သားလေးကို ထည့်သွင်းရိုက်ကူးဖို့အတွက် ဇနီးသည် Nidh ကိုကြိုတင်ပြောထားတာမရှိဘဲ surprised လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ရှုတင်ကိုအလည်ခေါ်ပြီး ဇာတ်လမ်းထဲမှာ ကလေးကို ထည့်သွင်းရိုက်ကူးခဲ့လိုက်တာပါ။

ဇနီးချောလေးရဲ့အမည်ကတော့ Nadhi Somani Ranka ဖြစ်ပါတယ်။ သူတို့နှစ်ဦး တစ်ဦးနဲ့တစ်ဦးလည်း သိပ်ချစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ နန္ဒမင်းက အမျိုးသမီးတွေအပေါ် ထောက်ထားညှာတာမှုမရှိဘဲ အနိုင်ကျင့်ပြီးပွေရှုပ်တတ်သူတစ်ဦး အဖြစ်သရုပ်ဆောင်ထားပေမယ့် တကယ့်အပြင်မှာ အဲ့ဒီပုံစံနဲ့တခြားစီပါပဲ။ သူက ဇန်ီးသည်ကိုလည်း ချစ်ခင်အလိုလိုက်ပြီး အမျိုးသမီးတွေကို လေးစားသူတစ်ဦးလို့ ဆိုပါတယ်။

မိုမိုလေးပရိသတ်ကြီးရေ နန္ဒမင်းအဖြစ်သရုပ်ဆောင်တဲ့ Arpit Ranka က ၂၀၁၀ ခုနှစ်မှာ Paiyaa ဆိုတဲ့ဇာတ်လမ်းနဲ့ သရုပ်ဆောင်လောကထဲစတင်ဝင်ရောက်ခဲ့သူပါ။ အဲ့ဒီနောက် ဇာတ်လမ်းတွေတော်တော်များများလည်း ပါဝင်ပြီး တီဗွီဇာတ်လမ်းတွဲမှာတော့ ၂၀၁၃-၂၀၁၄ ကတင်ဆက်ခဲ့တဲ့ Mahabharat (2013 TV series) မှာစတင်ပါဝင်ခဲ့သူပါ။ သူ့ရဲ့ဝါသနာကတော့ အားကစားဖြစ်ပြီး အထူးသဖြင့်တော့ ခရစ်ကတ်ကစားတာနဲ့ ခရစ်ကတ်ပွဲကြည့်ရတာကို ၀ါသနာပါပါသတဲ့။

ဇာတ်လမ်းထဲမှာ ဘယ်လိုပဲကြမ်းတမ်းတယ်ဆိုပေမယ့် အပြင်မှာတော့ တကယ့်ကိုယုယချစ်ခင်ကြင်နာတတ်သူတစ်ဦးပါပဲ။ မိုမိုလေးပရိသတ်ကြီးက နန္ဒမင်းရဲ့ချစ်စရာကောင်းတဲ့ကလေးလေးကို ဇာတ်လမ်းထဲမှာ မြင်တွေ့ခွင့်ရတော့မှာနော်။ သရုပ်ဆောင်ပီပြင်ကောင်းမွန်ပြီး မိသားစုကိုလည်း ချစ်တဲ့သူ့ကို မိုမိုလေးပရိသတ်ကြီးကရော အားပေးကြမှာလား ပြောခဲ့ပါဦးနော်။

ref:tellychakkar
#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။