ကောလဟာလ ပြောတာတွေကို ရှင်းလိုက်တဲ့ Millie Bobby Brown နဲ့ Jacob Sartorius

Posted on - Jan 20 []

Mg Aung Kaung Zan

စာရေးသူ

Millie Bobby Brown နဲ့ Jacob Sartorius တို့နှစ်ယောက်ရဲ့ Dating ကောလဟလနဲ့ ပတ်သက်ပြီး Millie က အင်စတာဂရမ် မှာ ပုံတင်ပြီး ဖြေရှင်းခဲ့ပါတယ်။ Millie တင်ခဲ့တာက သူနဲ့ Jacob တို့နှစ်ယောက် ရိုက်ထားတဲ့ selfie ပုံလေး ဖြစ်ပြီး သူတို့နှစ်ယောက် ချစ်ကျွမ်းဝင်နေပြီ ဆိုတာ ပရိသတ်တွေကို သိအောင် ပြောခဲ့ပါတယ်။

အဖြူ နဲ့ အမည်း ကာလာ သုံးရိုက်ထားတဲ့ ပုံလေးမှာ Dec. 31, 2017 လို့ ရေးထားပြီး အသည်းပုံ လေးတွေသုံးထားပါတယ်။ Millie က Jacob ရဲ့ ပုခုံးလေးပေါ်မှာ မှီပြီး ပြုံးနေတာတွေ့ရပါတယ်။

Millie နဲ့ Jacob တို့ နှစ်ယောက်က အချိန် အတော်များများမှာ အတူ ရှိခဲ့ပြီး Millie က Jacob နဲ့ပုံကို အင်စတာဂရမ် မှာ October လက တင်ခဲ့ပါတယ်။ အဲ့ပုံမှာ Millie နဲ့ Jacob တို့ နှစ်ယောက်က မထိတထိ ကွန်မန့်တွေ ရေးခဲ့ပြီး မျက်စိလျင်တဲ့ ဖန်တွေက Jacob တွစ်တာမှာ ရေးထားတဲ့ မင်းက ငါ့စိတ်ထဲမှာ နေ့တိုင်း ရှိနေတယ် ဆိုတဲ့ post ကို Millie က like လုပ်ခဲ့တာ တွေ့ခဲ့ပါတယ်။အဲ့နောက်မှာ Millie က အရုပ်လေးကို ပိုက်ထားတဲ့ ပုံကို January 12 က အင်စတာဂရမ် မှာ တင်ခဲ့ပြီး အရုပ်အတွက် ကျေးဇူးတင်ပါတယ် ❤️ လို့ ရေးခဲ့ပါတယ်။

New Year မှာ မိဘတွေနဲ့ Walt Disney World မှာ အတူရှိခဲ့ပြီး Millie နဲ့ Jacob တို့ နှစ်ယောက်က အခု Vacation သွားနေပါတယ်။

Ref : E Online
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။