ဂင်္ဂါထဲက ဆုပရိ အကြောင်း

Posted on - Jan 21 []

Moon Moon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေမုဆိုးမလေးမဂင်္ဂါဇာတ်လမ်းတွဲထဲက ပူကစ်ရဲ့ဇနီးအဖြစ်သရုပ်ဆောင်တဲ့ ဆုပရိတစ်ဖြစ်လဲ မင်းသမီးချောလေး Nivedita Tiwari နဲ့ မိတ်ဆက်ပေးမယ်နော်။ သူမကတော့ အိန္ဒိယ tv ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Bhagonwali-Baante Apni Taqdeer ဇာတ်လမ်းတွဲနဲ့အစပြုပြီး အနုပညာလောကထဲကို ရောက်ရှိလာခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ဇာတ်လမ်းတွဲတော်တော်များများပါဝင်လာရင်း ပရိသတ်တွေရဲ့အားပေးမှုကိုလည်း ပိုမိုရရှိလာခဲ့သူပါ။

နောက်ပိုင်းဆက်းပြီး သူမခေါင်းဆောင်းမင်းသမီးအဖြစ်ပါဝင်တဲ့ ဇာတ်လမ်းတွဲတွေလည်းရှိခဲ့ပါတယ်။ လက်ရှိမိုမိုလေးပရိသတ်ကြီး အားပေးသဘောကျနေရတဲ့ ဂင်္ဂါဇာတ်လမ်းတွဲမှာတော့ သူမက အဓိကခေါင်းဆောင်အဖြစ်မပါဝင်ရပေမယ့် ဂင်္ဂါကိုထောက်ပံ့ပေးတဲ့ စိတ်ထားနှလုံးသားကောင်းမွန်သူလေးအဖြစ် ပူကစ်ရဲ့ဇနီးချောနေရာမှာလည်း ပရိသတ်တွေကြားထင်ပေါ်ခဲ့ရပါတယ်။

သူမကတော့ ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ဖွားတစ်ဦးပါ။ သူမကတော့ စာရေးတာ၊ သီချင်းဆိုတာနဲ့ စာဖတ်တာတွေကိုနှစ်သက်ခုံမင်သူတစ်ဦးပါတဲ့။ စာပေနဲ့မွေ့လျော်သူတွေက အေးချမ်းတယ်တဲ့။ ဒါကြောင့်လည်းသူမမျက်နှာလေးက ကြည့်လိုက်တာနဲ့ အေးချမ်းပြီးတည်ငြိမ်နေတာဖြစ်မှာနော်။ နောက်ပြီးဆုပရိဇာတ်ရုပ်လေးက သူမနဲ့လိုက်ဖက်တယ်လို့ပြောရအောင် ပြင်ပမှာလည်း သူမကကူညီတတ်ပြီး စိတ်ထားကောင်းသူတစ်ဦးလို့ဆိုပါတယ်။

နောက်ပြီးသူမက ဆောင်းပါးတွေ ကဗျာတွေလည်း ရေးသားသူပါတဲ့။ သူမကိုယ်ပိုင်ဘလော့တစ်ခုတောင် ရှိတယ်လို့ဆိုပါတယ်။ သူမက အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး ခင်ပွန်းသည် Ankur Pegu နဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ လက်ဆက်ခဲ့တာပါ။ သူမကတော့ ခင်ပွန်းသည်နဲ့ပတ်သက်ပြီး သူဟာရိုးသားပြီးတော့ ချစ်ခင်ကြင်နာတတ်သူတစ်ဦးလို့ဆိုပါတယ်။ လက်ထပ်ပြီးချိန်မှာတော့ သူတို့ဇနီးမောင်နှစ်ဦးဟာ မွမ်ဘိုင်းမှာနေထိုင်ကြပြီး သူမကခင်ပွန်းသည်ရဲ့ လုပ်ငန်းတွေမှာ တစ်ဖက်တစ်လမ်းက ပါဝင်ကူညီပေးသေးတယ်လို့ဆိုပါတယ်။

မိုမိုလေးပရိသတ်ကြီးရေ တစ်ခုစိတ်မကောင်းစရာကတော့ အခုကြည့်ရှုနေရတဲ့ ဂင်္ဂါဇာတ်လမ်းတွဲရဲ့ နောက်ပိုင်းဆုပရိဇာတ်ရုပ်နေရာမှာ သူမကိုမြင်တွေ့ရတော့မှာမဟုတ်ပါဘူး။ သူမနဲ့ရိုက်ကူးဖို့သတ်မှတ်ထားတဲ့ကာလတစ်ခုကိုကျော်လွန်သွားတဲ့အတွက် သူမနေရာမှာ Roop Durgapal ဆိုတဲ့ မင်းသမီးနဲ့ အစားထိုးရိုက်ကူးမှာပါတဲ့။ မိုမိုလေးပရိသတ်ကြီးက သူမကို အခုရှေ့ပိုင်းဆုပရိနေရာမှာ မြင်တွေ့ခွင့်ရတုန်းအားပေးကြပါဦးနော်။ နောက်ထပ်အစားထိုးမယ့် မင်သမီး Roop Durgapal ရဲ့အကြောင်းကိုတော့ မကြာခင်မှာ ဖော်ပြပေးဦးမှာပါ။

မိုမိုလေးပရိသတ်ကြီးရေ ဆုပရိအဖြစ်သိထားကြတဲ့ အေးချမ်းတဲ့မင်းသမီးချောလေး Nivedita Tiwari ကိုသဘောကျတယ်ဆိုရင် ပြန် share ပေးသွားခဲ့ပါဦးနော်။

#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။