ဂင်္ဂါဇာတ်ကားရဲ့နောက်ပိုင်းမှာ ဆုပရိနေရာကသရုပ်ဆောင်မယ့် ခပ်လန်းလန်းမင်းသမီး

Posted on - Jan 21 []

Moon Moon

စာရေးသူ

မိုမိုလေး ပရိသတ်ကြီးရေ အခုလက်ရှိပြသနေတဲ့ မုဆိုးမလေးမဂင်္ဂါဇာတ်လမ်းတွဲရဲ့ ဆုပရိနေရာမှာ ပြောင်းလဲသရုပ်ဆောင်မယ့် မင်းသမီး Roop Durgapal ကတော့ အပြင်မှာ တကယ့်ခပ်လန်းလန်းမင်းသမီးတစ်ဦးပါ။ သူမက အစပိုင်းဆုပရိသရုပ်ဆောင်မင်းသမီးထက် အသက်ငယ်ပါတယ်။ သူမက ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မွေးဖွားသူပါ။ သူမရဲ့ပထမဆုံး အနုပညာခြေလှမ်းကတော့ ၂၀၁၂ ခုနှစ်မှာ စတင်ပါဝင်ခဲ့တဲ့ Balika Vadhu ဆိုတဲ့ ဇာတ်လမ်းပါပဲ။ သူမကတော့ ရုပ်သံဇာတ်လမ်းတွဲတော်တော်များများမှာ နေရာယူထားသူပါ။

သူမကတော့ ၂၀၁၃ ခုနှစ်မှာ ထူးချွန်ဆုတစ်ဆု ရရှိခဲ့ပါသေးတယ်။ အချစ်ရေးမှာဆိုရင်တော့ သူမကချစ်သူဖြစ်တဲ့ အားကစားချန်နယ်တစ်ခုရဲ့ ဒါရိုက်တာ Deepak Nailwal နဲ့ လက်ထပ်ထားသူဖြစ်ပါတယ်။ သူမကတော့ အပြင်မှာ ခပ်လန်းလန်းပုံရိပ်တွေကိုသာ မြင်တွေ့ရတတ်တဲ့ မင်းသမီးချောတစ်ဦးဆိုရင်လည်း မမှားပါဘူး။

သူမရဲ့ လှပတဲ့အလန်းစားပုံရိပ်တွေကို ကြည့်ရအောင်

မိုမိုလေးပရိသတ်ကြီးရေ ဆုပရိဇာတ်ရုပ်က ခပ်အေးအေးကာရိုက်တာမျိုးဖြစ်လို့ သူမရဲ့ နေထိုင်ပုံနဲ့ကွာခြားတယ်ဆိုပေမယ့် သူမကသရုပ်ဆောင်ပိုင်းမှာ ထူးချွန်သူဆိုတော့ ဒီကာရိုက်တာနဲ့ သူမက အံဝင်ဂွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့ပါသတဲ့။ သူမကတော့ ဂင်္ဂါဇာတ်လမ်းတွဲမှာ ၂၀၁၆ ခုနှစ် သြဂုတ်လက စတင်ပါဝင်ခဲ့ပြီးနောက်ပိုင်းဇာတ်ဝင်ခန်းတွေမှာ ဝင်ရောက်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးက ဆုပရိအဖြစ်မြင်တွေ့ရဦးမယ့်ဒီမင်းသမီးလေးကို အားပေးကြပါဦးနော်။

ref:pinkvilla
#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။